မင်းဇော်မင်း
.
UWSP ၏ “၀”အခြေခံဥပဒေသည် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ တရားမဝင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ်
ဇော်မင်းထွန်းက နေပြည်တော်၊ စစ်သမိုင်းပြတိုက်တွင် ယနေ့ (ဇူလိုင်လ ၂၅ ရက်)၊ နေ့လယ်ပိုင်းက
ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင်
ပြောဆိုခဲ့သည်။
.
“ ဒီကိစ္စနှင့်ပတ်သက်ပြီး အနှစ်ချုပ် ပြောလိုတာကတော့
ဒီဟာသည် လက်ရှိ ကျင့်သုံးနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သော်လည်းကောင်း၊ ပြည်ထောင်စု
မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး အရ သော်လည်းကောင်း တရားမဝင်ပါဘူးလို့
ပြောကြားလိုပါတယ်။” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာသမား တစ်ဦး၏ မေးမြန်းမှုအပေါ်
ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
UWSP ၏ “၀”ပြည်နယ် အခြေခံဥပဒေ စမ်းသပ်ချက်ဟူသော
အမဲရောင်စာအုပ်၏ အဖုံးကို ရိုက်ကူးထားသည့် ဓာတ်ပုံမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း
လူမှုကွန်ရက်၌ ပျံ့နှံ့လာသည့်အပေါ် UWSA ပြင်ပဆက်ဆံရေးရုံးမှ
တာဝန်ခံ ဦးညီရမ်းက ယင်းဥပဒေကို စမ်းသပ် အသုံးပြုနေကြောင်း ကမ္ဘောဇတိုင်းသို့ အတည်ပြု
ပြောဆိုထားသည်။
.
ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊
ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ်
၆ ခုကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်
ပြဌာန်းထားသည်။
.
No comments:
Post a Comment