“ဝ” ပြည်နယ် အခြေခံဥပဒေကို “ဝ” သွေးစည်းညီညွတ်ရေးပါတီက ရေးဆွဲစမ်းသပ်အသုံးပြုနေ - Kanbawza Tai News

Breaking

Thursday, July 23, 2020

“ဝ” ပြည်နယ် အခြေခံဥပဒေကို “ဝ” သွေးစည်းညီညွတ်ရေးပါတီက ရေးဆွဲစမ်းသပ်အသုံးပြုနေ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်း (ပန်ခမ်း) မြို့အခြေပြု “ဝ” သွေးစည်း ညီညွတ်ရေးပါတီ (UWSP) မှ “ဝ” ပြည်နယ် အခြေခံဥပဒေကို ရေးဆွဲစမ်းသပ်အသုံးပြုလျက်ရှိကြောင်း “ဝ” ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းထံက သိရသည်။
.
.
အနက်ရောင်စာအုပ်အဖုံးအပေါ်တွင် “ဝ” ပြည်နယ်အခြေခံဥပဒေ စမ်းသပ်ချက်ဟု အမည်ပေးထားသည့် စာအုပ်ပုံ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာပြီးနောက် အဆိုပါစာအုပ်နှင့် ပတ်သက်၍ ဦးညီရမ်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
“အရင်ကတည်းက ရှိပါတယ်။ အခုက ပြန်လည်ဖြည့်စွက်ချက် Edit လုပ်တာပါ။ အသေးစိတ်တော့ မသိပါ ဘူး။ စမ်းသပ်သုံးစွဲနေတာ မှန်ပါတယ်။ ကျွန်တော်တို့ “ဝ” ပြည်နယ်အတွင်းမှာ ရိုးရာဓလေ့နဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင်ရေးဆွဲ ကျင့်သုံးတဲ့ ဥပဒေတွေပါ” ဟု ဦးညီရမ်းက ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ အနေဖြင့် ယခင်ကတည်းက ကိုယ်ပိုင်ရေးဆွဲပြဌာန်းထားသည့် ဥပဒေများနှင့် ယင်းဥပဒေများကို စာအုပ်အဖြစ် ထုတ်လုပ်ထားမှုများ ရှိနေကာ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီး‌ နောက်ပိုင်းတွင် ဥပဒေ များကို ပြန်လည်ပြင်ဆင်ဖြည့်စွက်မှုများ ရှိကြောင်း ၎င်းထံက သိရသည်။
.
၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း (ပန်ခမ်း) ၆ မြို့နယ်တို့ကို ခရိုင် ၂ ခုခွဲ၍ သတ်မှတ်ထားရာ ဟိုပန်နှင့် မက်မန်း ၂ မြို့နယ်သာ အစိုးရအုပ်ချုပ်မှုအာဏာ သက်ရောက်လျက်ရှိပြီး ကျန် ၄ မြို့နယ်မှာ အာဏာ သက်ရောက်ခြင်းမရှိချေ။
.
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟု ပြဌာန်းဖော်ပြထားသော်လည်း UWSA/UWSP ကမူ “ဝ” ပြည်နယ်ဟုသာ ခေါ်ဝေါ်သုံးစွဲနေပြီး “ဝ” ပြည်နယ် ပြည်သူ့အစိုးရဟု သတင်းများ ထုတ်ပြန်ကြေညာလျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats