မင်းဇော်မင်း
.
“ဝ” ဒေသအတွင်း UWSA “ဝ” ခေါင်းဆောင် ပုံဖြင့်
ငွေစက္ကူထုတ်လုပ် သုံးစွဲနေသည် ဟူသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း UWSA
“ဝ” ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောဆိုခဲ့သည်။
.
.
“ပို့စ်အဟောင်းတွေနဲ့ ပြန်ပြီးတင်တာ။ မနာလိုသွေးထိုးလှုံ့ဆော်မှုတွေ
ပြုနေတာပါ။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး သွေးကွဲ အောင် အဆင့်မရှိတဲ့ အောက်တန်းကျတဲ့
ဒီလိုမမှန်သတင်းတွေ မလုပ်သင့်ပါဘူး။ ကျွန်တော်တို့ ဒီ ငွေစက္ကူတွေ ထုတ်လည်း မထုတ်ပါဘူး”
ဟု ဦးညီရမ်းက ပြောသည်။
Tai History အမည်ရှိ လူမှုကွန်ရက်စာမျက်နှာတွင် “ဝ” က ငွေစက္ကူတွေ
ရိုက်နှိပ်ထုတ်ဝေနေပါပြီ။ တရုတ် ဘဏ်မှာ ရွေပေါင်ထားပြီး ငွေလဲလှယ်မှုမှာ “ဝ” ငွေ
၁၀၀ သည် မြန်မာငွေ ၂၀၀၀၀ ကျပ်နှင့် ညီမျှကြောင်း၊ “ဝ” သည် ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသား
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုသာဖြစ်ပြီး ပြည်နယ်အဆင့်တောင် မရှိပါဘဲ ကိုယ်ပိုင်စစ်တပ်၊
ရဲများ ဖွဲ့စည်းထားပြီး တရုတ်ဘာသာ၊ “ဝ” ဘာသာ ကိုသာ သုံးစွဲကြောင်း၊ မြန်မာအစိုးရ ဝန်ထမ်းတစ်ဦးတစ်ယောက်မျှ
အဝင်မခံဘဲ တာဝန်ချထား၍ မရ ကြောင်း၊ မြန်မာစစ်တပ် တပ်မှူး၊ တိုင်းမှူးများ ကြိုတင်အကြောင်းကြား
သဘောတူညီမှုမရှိဘဲ သွားလာ၍ မရကြောင်း၊ လက်ရှိတွင် ငွေစက္ကူပါ ထုတ်လုပ်နေကြောင်း၊ ငွေစက္ကူတွင်
“ဝ” အစိုးရ ဟု ရေးသားထား သည်ကို တွေ့ရှိရကြောင်းဖြင့် ရေးသားဖော်ပြထားခြင်းဖြစ်သည်။
.
၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၂)
နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံတွင် ရှမ်း ပြည်နယ်ရှိ ဟိုပန်မြို့နယ်၊
မိုင်းမောမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊
မက်မန်းမြို့နယ် နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ်၊ ၆ မြို့နယ်တို့ကို ခရိုင် ၂ ခရိုင်ဖွဲ့ပြီး
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် စုစည်းကြောင်း ပြဌာန်းဖော်ပြ ထားသည်။
.
No comments:
Post a Comment