မင်းဇော်မင်း
.
လားရှိုးမြို့ရှိ အမှတ် (၁၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏
အကူအညီတောင်းချက်အရ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့တွင် လူကုန်ကူးခံထားရသူ
ဗီယက်နမ်နိုင်ငံသူတစ်ဦးအား UWSA “ဝ” တပ်ဖွဲ့မှ ကယ်တင်ကာ ဇူလိုင်လ ၁၇ ရက်တွင်
လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
.
.
“အရင်ကလည်း အခုလို သတင်းအတိအကျ ပေးပို့လာရင် ကူညီကယ်ဆယ်ပေးခဲ့ရတာတွေ
ရှိပါတယ်။ အခုလည်း ကယ်တင်ပြီး လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့နယ်ထဲမှာ
ခုလို ဥပဒေချိုးဖောက်တာ တွေကို လုံးဝလက်မခံ ပါဘူး။ ကျူးလွန်တဲ့သူကိုလည်း အရေးယူတယ်။
ဒုက္ခရောက်နေသူကိုလည်း ကယ် တင်ပေးပါတယ်” ဟု လားရှိုးမြို့ အခြေစိုက် “ဝ” ပြင်ပရုံး ဆက်ဆံရေးတာဝန်ခံ
ဦးညီရမ်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အကူအညီတောင်းခံလာမှုအပေါ်
UWSA “ဝ” ပြင်ပဆက်ဆံရေး ဌာနနှင့် UWSA ဌာနချုပ် ပန်ဆန်းရှိ ရဲတပ်ဖွဲ့တို့
ပူးပေါင်းရှာဖွေ ကယ်တင်ခဲ့ပြီး လူကုန်ကူးခံရသူ ဗီယက် နမ်နိုင်ငံသူအား “ဝ” ဒေသ နယ်ခြား
မိုင်းပတ်ဂိတ်တွင် ဇူလိုင်လ ၁၇ ရက် ညနေပိုင်းက လွှဲပြောင်းပေးအပ် ခဲ့ခြင်း ဖြစ်သည်ဟု
၎င်းထံက သိရသည်။
.
အဆိုပါ အသက် ၂၀ အရွယ်ရှိ ဗီယက်နမ်နိုင်ငံသူမှာ တရုတ်နိုင်ငံဘက်မှ
မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံကူး လက်မှတ် မပါရှိဘဲ ရောက်ရှိလာကာ လိင်လုပ်သားအဖြစ်
အဓမ္မစေခိုင်းခံရပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ပန်ဆန်းမြို့ရှိ ဟိုတယ်တစ်ခုတွင်
နေထိုင်လျက်ရှိသဖြင့် ကူညီစုံစမ်းကယ်တင်ပေးရန် အမှတ် (၁၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့စု (လားရှိုး)မှ ဇူလိုင်လ ၁၅ ရက်တွင် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
No comments:
Post a Comment