သမ္မတဟောင်း ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီ အတွက် မဲဆွယ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 21, 2020

သမ္မတဟောင်း ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီ အတွက် မဲဆွယ်မည်

မင်းမင်း
.
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ အောင်နိုင်ရေးအတွက် ပါတီထိပ် ပိုင်း ခေါင်းဆောင်များနှင့်အတူ နိုင်ငံ တော်သမ္မတဟောင်း ဦးသိန်းစိန် ပါ ဝင် မဲဆွယ်မည် ဖြစ်ကြောင်း သိရ သည်။
.

.
“ယုံယုံကြည်ကြည်နဲ့ နောက်မျိုး ဆက်ကို လွှဲအပ်ပြီးဖြစ်တဲ့ အတွက် နိုင်ငံ့တာဝန်တွေကို နောက်ထပ်ထမ်း ဆောင်လိုစိတ် မရှိသော်လည်း ၂၀၂၀ မှာ ပါတီအောင်နိုင်ရေးအတွက် သူရဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ သူနဲ့ အတူ အငြိမ်းစား ဝန်ကြီးတွေ၊ ဒုဝန် ကြီးတွေ၊ တစ်ချိန်က ပါတီဝင်တွေ အားလုံး ဒီနေ့ ပါတီခေါင်းဆောင် ဦးသန်းဌေးနဲ့ အလုပ်အမှုဆောင်အ ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အတူ တက်ညီ လက်ညီ စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်း ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီမှ ဒေါက်တာ နန္ဒာလှမြင့်က သ တင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် မီဒီ ယာများသို့ ပြောဆိုထားသည်။
.
ပါတီအောင်နိုင်ရေး မဲဆွယ်စည်း ရုံးရေး ကာလအတွင်း နိုင်ငံတော်သမ္မ တဟောင်း ဦးသိန်းစိန်အနေဖြင့် ၎င်း ၏ ကျန်းမာရေး အခြေအနေအရ သွားလာနိုင်သည့် မြို့နယ်များသို့ မဲ ဆွယ် စည်းရုံးမှုများ လုပ်ဆောင်ပေး မည် ဖြစ်သော်လည်း ပါတီအောင် နိုင်ရေးဗီနိုင်း၊ ပိုစတာများတွင် ၎င်း ၏ ဓါတ်ပုံ ထည့်သွင်း အသုံးပြုရန် ရှိ/မရှိကိုမူ မသိရှိရသေးကြောင်း သိရ သည်။
.
နိုင်ငံတော်သမ္မတဟောင်း ဦး သိန်းစိန်သည် ၂၀၁၀ ပြည့်နှစ် ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကာလက ပြည်ထောင်စုနယ်မြေ ဖြစ် သည့် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ် သည့်အပြင် နအဖ အစိုးရလက်ထက် က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ဟောင်း တစ်ဦးလည်း ဖြစ်သည်။
.
ထို့နောက် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီရှုံးနိမ့် ပြီးနောက် ၂၀၁၆ ခုနှစ်တွင် ပါတီ ဥက္ကဋ္ဌ တာဝန်မှ အနားယူကာ ပါတီ နာယက တာဝန်များကို ဆက်လက် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပါတီ ဝင်တစ်ဦးအဖြစ်သာ ရှိနေသည်ဟုသိ ရသည်။
.
ထို့အပြင် နေပြည်တော်ရှိ ပြည် ခိုင်ဖြိုး ပါတီဌာနချုပ်တွင်ပြုလုပ် သည့် နိုင်ငံတော်သမ္မတဟောင်း ဦး သိန်းစိန်အား နိုင်ငံတစ်ဝန်းမှ ပြည်သူ များ၏(၄) ကြိမ်မြောက် ဂါဝရပြု တွေ့ ဆုံပွဲ၌ ၎င်းက ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲတွင် ပါတီနှင့် လူပုဂ္ဂိုလ် ၂ ခုစလုံးကို ကြည့်ပြီး မဲပေးရန် လိုအပ် ကြောင်းနှင့် မဲပေးမည့် ကိုယ်စား လှယ်လောင်း ရွေးချယ်ရာတွင် ကိုယ် ကျင့်တရားနှင့် ပညာအရည်အချင်း အပြင် ဘာသာသာသနာနှင့် တပ်မ တော်ကို စောင့်ရှောက်လိုစိတ်ရှိသူ များကို ကြည့်ရှုရွေးချယ်ရန် လိုသည် ဟု တိုက်တွန်း ပြောဆိုထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats