ညောင်ရွှေနှင့် နန်းဟူးတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဆိုင်းဘုတ်တင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 28, 2020

ညောင်ရွှေနှင့် နန်းဟူးတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဆိုင်းဘုတ်တင်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နှင့် နန်းဟူးကျေးရွာတို့တွင် ယနေ့ ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဆိုင်းဘုတ်တင်အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.

.
“ကျွန်တော်တို့ ဒီမှာက ပညာရေးဝန်ထမ်း အငြိမ်းစားတွေ များပါတယ်။ ပါတီ အမည်အတိုင်း ကောင်းကျိုးဆောင်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာပါ။ တိုင်းပြည်အတွက် တတ်နိုင်သမျှ လုပ်ဆောင်ပြီးသလို အခုလည်း တတ်နိုင်သမျှ ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်လွှတ်တော် ညောင်ရွှေမြို့နယ်မဲ ဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် UBP ပါတီမှ ဦးလှဝေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အနေဖြင့် လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဦးသန်းရွှေမှလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဦးသန်းထွန်းမှလည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ‌နေရာအတွက် ဒေါက်တာစိုးလွင်မှလည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော် ညောင်ရွှေမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) နေရာအတွက် ဦးလှဝေမှလည်းကောင်း၊ အမှတ် (၂) အတွက် ဦးမြင့်သိန်းမှ လည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အားလုံးမှာ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား များ ဖြစ်ကြသည်ဟု သိရသည်။
.
ညောင်ရွှေမြို့နယ်အတွင်း UBP ပါတီ မြို့နယ်ရုံးကို ညောင်ရွှေမြို့၊ ဝန်းရပ်တွင် ဖွင့်လှစ်ထားပြီး ရုံးခွဲများကို မိုင်းသောက် နှင့် စံကားကျေးရွာများတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About