ကိုစိုး (ကမ္ဘောဇတိုင်း)
.
တောင်ကြီးမြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့်
တတိယအကြိမ် အလုပ်အမှုဆောင် အဖွဲ့သစ် ပြန်လည်ရွေးချယ်ဖွဲ့စည်းပွဲကို ယနေ့ ဇူလိုင်လ
၂၆ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ တော်ဝင်ပုလဲ နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.
အခမ်းအနားတွင် တောင်ကြီးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးခွန်စိန်ဝင်း
(မောင်ခွန်နွယ်-အင်းလေး) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက အလုပ်အမှုဆောင်သစ်နှင့် ညီလာခံကိုယ်စားလှယ်
ရွေးချယ်တင်မြှောက်ခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အလုပ်အမှုဆောင်အဖွဲ့သစ်ကို ပြန်လည်ရွေးချယ်ရာ ဥက္ကဋ္ဌအဖြစ်
ဦးခွန်စိန်ဝင်း (မောင်ခွန်နွယ်-အင်းလေး)၊ အတွင်းရေးမှူးအဖြစ် ခွန်စည်သာဟိန်း၊ ဘဏ္ဍာရေးမှူးအဖြစ်
ခင် (တောင်ကြီး)၊ အဖွဲ့ဝင် (၁) ညီလာခံကိုယ်စားလှယ် အဖြစ် ကောင်းမြင့်မြတ်စိန်နှင့်
အဖွဲ့ဝင် (၂) အဖြစ် လှိုင်း (တောင်ကြီး) တို့ကို ရွေး ချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
.
“ရန်ကုန်ကိုသွားဖို့ ညီလာခံကိုယ်စားလှယ်အဖြစ် ဆရာ ကောင်းမြင့်မြတ်စိန်ကို
ရွေးချယ်ခဲ့ပါတယ်။ ထွေအုပ် က ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက လာပြီး ကြီးကြပ်ပေးပါတယ်။
မြို့နယ်ပြန်ဆက်ကလည်း လာကူ ပေးပါတယ်။ ဆရာ မောင်ခွန်နွယ် (အင်းလေး) က တတိယအကြိမ် ဥက္ကဋ္ဌအဖြစ်
ပြန်ပြီး ရွေးချယ်ခံရတာပါ” ဟု တောင်ကြီးမြို့နယ် စာရေးဆရာအသင်းဝင် စိုင်းထွန်းနောင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းမှာ ၄ နှစ်တစ်ကြိမ်ဖြစ်ပြီး
ရွေးကောက်ပွဲဖြင့် ရွေးချယ် တင်မြှောက်မှုမှာ တတိယအကြိမ် ဖြစ်ကြောင်း သိရသည်။
.
အခမ်းအနားသို့ တောင်ကြီးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်စိုး၊
တောင်ကြီးမြို့နယ်စာရေးဆရာ အသင်း အဖွဲ့ဝင်များ၊ အခြား ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက်ခဲ့ကြောင်း
သိရသည်။
.
No comments:
Post a Comment