တောင်ကြီးတွင် ၅၈ နှစ်မြောက် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 7, 2020

တောင်ကြီးတွင် ၅၈ နှစ်မြောက် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်တွင် ယနေ့ ဇူလိုင်လ ၇ ရက်၊ ညနေပိုင်းက ၅၈ နှစ်မြောက် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.

.
“၁၉၆၂ ခုနှစ်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦက ဖြိုခွဲ ခံလိုက်ရတာ ၅၈နှစ် ရှိပြီပေါ့နော်။ အဲဒီမှာ အသက် ပေးခဲ့ရတဲ့ ကျောင်းသူ/ကျောင်းသားတွေလည်း အများကြီးရှိတယ်။ ဒီကျောင်းသူ/သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့၊ အောက်မေ့သတိရတဲ့အနေနဲ့ အခမ်းအနား ကျင်းပပြုလုပ်တယ်။ Page မှာလဲ ဝမ်နည်းကြောင်း သဝဏ်လွှာ ပေးပို့တယ်” ဟု တောင်ကြီး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မအိအိဖြူက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ ၅၈ နှစ်မြောက် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနားကို တောင်ကြီးတက္ကသိုလ် ကျောင်းသား များသမဂ္ဂမှ ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး COVD -19 ကာလ ဖြစ်သောကြောင့် ကျောင်းသားများ သမဂ္ဂ အလုပ်မှုဆောင် များဖြင့်သာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ထို့အတူ COVID -19 ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် ကျောင်းသူကျောင်းသားများ စုပေါင်း လမ်းလျှောက်၍ လွမ်းသူ့ပန်းခွေချခြင်းကို မလုပ်ဖြစ်တော့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About