စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသ
အတွင်းရှိ မြို့ရွာများတွင် ၂၀၂၀ ပြည့် နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု
ဥပဒေဆိုင်ရာ ပညာပေး လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးလျက်ရှိကြောင်း တောင်ကြီးမြို့၊
အမှတ် (၁၈) ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) ထံက သိရသည်။
.
.
“ဥပဒေ အသစ်မှာပါတဲ့ တချို့ပုဒ်
မတွေက အရင်ဥပဒေထက် ပြစ်ဒဏ် လည်းမြင့်၊ ငွေဒဏ်လည်း များတယ်။ ပြည်သူလူထုကို ကျယ်ကျယ်ပြန့်
ပြန့် သိစေချင်တဲ့အတွက် ဖြန့်ဝေပေးနေခြင်း ဖြစ်ပါတယ်။ စည်းကမ်းပျက် ယာဉ်နဲ့ စည်းကမ်းပျက်
ယာဉ် မောင်းတွေကိုလည်း အရေးယူသွား မှာဖြစ်ပါတယ်”ဟု အမှတ်(၁၈)ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ
ဒုရဲမှူး အောင်မိုးက ကမ္ဘောဇတိုင်းသို့ ပြော
သည်။
ထိုသို့ လက်ကမ်းစာစောင်များ
ဖြန့်ဝေရာတွင် ရှမ်းပြည်နယ်တောင် ပိုင်းဒေသအတွင်းရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊
လင်းခေး ခရိုင်တို့တွင် ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်း ရှင်းရေးနှင့် မော်တော်ယာဉ်
စီမံ ခန့်ခွဲမှု ဥပဒေ အချက်အလက်ပါ စာအုပ် ပေါင်း ၁၀၀၀ နှင့် လက်ကမ်းစာစောင် ၁၀၀၀၀ တို့ကို
ဖြန့်ဝေ ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်
ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က
၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်တွင် ပြဌာန်း အတည်ပြုခဲ့ခြင်း ဖြစ်ပြီး ဥပဒေတွင် အခန်း ၁၅
ခန်း၊ ပုဒ်မ ၁၀၇ ခု ပါဝင် ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် တောင်ပိုင်းတွင်
၂၀၁၉ ခုနှစ် တစ်နှစ်တာ အတွင်း ယာဉ်တိုက်မှု ၅၁၃ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိသူ ၇၉၄
ဦးနှင့် သေဆုံးသူ ၂၆၇ ဦး ရှိခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment