ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများတွင် ဧည့်စာရင်းကို အွန်လိုင်းစနစ်ဖြင့် စတင် ပြုစုနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများတွင် ဧည့်စာရင်းကို အွန်လိုင်းစနစ်ဖြင့် စတင် ပြုစုနေ

မယ်စု
.
ရှမ်းပြည်နယ် အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ် ငန်းများ၊ တည်းခိုရိပ်သာ များတွင် ဧည့်စာရင်း ကောက်ယူမှုကို ဇူ လိုင်လ ၁ ရက်မှ စတင်၍ Hotel Guest List Management System (HGLMS) စနစ်ဖြင့် အွန်လိုင်းမှ စ တင် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာနမှ သိ ရသည်။
.

.
စာရွက်တွေ အများကြီးကုန် ပြီး ဌာနပေါင်းစုံကို စာရွက်တစ် ရွက်ချင်းဆီ ပို့ရတာ လူအားလည်း ကုန်တယ်။ စာရွက် စာတမ်းလည်း ကုန်တယ်။ အခုတော့ ဇူလိုင်လ ၁ ရက်က စပြီး အွန်လိုင်းကနေ မြန် မာ တစ်ပြည်လုံး စသုံးနေပါပြီ။ ၇၁ ရာခိုင်နှုန်းလောက် အောင်မြင်နေ ပါပြီ။ ခရီးသည်တွေ ဘယ်နေရာ ကို အများဆုံး လာတယ်၊ ဘယ်နိုင်ငံ ကလာတယ်၊ ဘယ်ဧည့်သည်က ဘယ်နေရာမှာ ရောက်နေတယ်က အစ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း နိုင်အောင်ပေါ့”ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွန်ကြား ရေးမှူး ဒေါ်နန်းမြင့်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ဟိုတယ်နှင့် ခရီးသွား ညွှန် ကြားမှု ဦးစီးဌာနမှ  အွန်လိုင်းမှ ဧည့် စာရင်းပြုစုမှု စနစ်သင်တန်းများကို ဟိုတယ် ဝန်ထမ်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ ဧည့်စာရင်း ယူသည့် ဌာနများကိုလည်း သင် တန်း ပို့ချနေပြီ ဖြစ်ကြောင်း သိရ သည်။
.
"အကုန်လုံး ဘက်ပေါင်းစုံ တစ် ပြိုင်နက်တည်း တော်တော်လေးကို လုပ်အား သက်သာမှာပေါ့။ အချိန်တို အတွင်းမှာ ဧည့်သည်တွေလည်း ပျောက်သွားစရာ မရှိတော့ဘူးပေါ့” ဟု ဒေါ်နန်းမြင့်က ဆက်လက်ပြော ဆိုခဲ့သည်။
.
ဟိုတယ်၊ တည်းခိုရိပ်သာများတွင် Hotel Guest List Management System စနစ်ကို စတင် စမ်းသပ် အသုံးပြုနိုင်ရန်  မေလအတွင်းက ညွန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats