ရှမ်းပြည်နယ်တွင် ဒေသခံပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ပါ၀င်သော ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 22, 2020

ရှမ်းပြည်နယ်တွင် ဒေသခံပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ပါ၀င်သော ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းမည်

စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ ခရိုင် ၄ ခုနှင့် မြို့နယ် ၁၀ ခုတို့တွင် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဒေသခံ လွှတ်တော်ကိုယ်စား လှယ်များ ပါဝင်သော ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိ ရသည်။
.

.
အသင်းအဖွဲ့တွေက အများ ကြီး ပဲ။ ဌာနဆိုင်ရာ တွေရော၊ ပုဂ္ဂလိက အသင်းအဖွဲ့တွေရော အကုန်ပါတဲ့ DMO အဖွဲ့တွေကို စီမံခန့်ခွဲမှု ကော်မ တီ ဖွဲ့စည်းသွားပါမယ်။ ရှမ်းပြည်နယ် ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့၊ ခရီး သွားလုပ်ငန်း မြှင့်တင်ဖို့ အတွက် ဖွဲ့ တာပါ”ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ် နန်းမြင့်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ ခရီးစဉ်ဒေသ စီမံခန့်ခွဲ မှုကော်မတီများကို ရှမ်းပြည်နယ် အ တွင်းရှိ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ရွာငံမြို့နယ်၊ သီပေါမြို့ နယ်၊ ပင်လောင်းမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချို မြို့နယ် တို့တွင်ဖွဲ့ စည်းသွားမည် ဖြစ်ကြောင်း သိရ သည်။
.
ပြည်နယ်နဲ့ တိုင်း အားလုံးက ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းတွေ ဖွဲ့ပေးလိုက်တယ်။ ကိုယ့်ပြည်နယ်နဲ့ ကိုယ့် ဒေသကို ဒီခရီးသွားလုပ်ငန်း တာဝန်ယူပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပိုင်ခွင့် ပေးလိုက်တယ်။ ခရီး သွားလုပ်ငန်း အသိပညာရှင်၊ အတတ် ပညာရှင်တွေပါတယ်။ မြို့နယ်တွေ အလိုက် လုပ်တော့ ပိုပြီးတော့ တိုး တက်မှု ကောင်းတာပေါ့”ဟု ဒေါ်နန်း မြင့်က ဆက်လက် ပြောဆိုခဲ့သည်။
.
ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုး စေရန်အတွက် တိုင်းရင်းသား ရေးရာ ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေး၊ ရဲ တပ်ဖွဲ့၊ ဥပဒေရုံး၊ လဝက၊ စည်ပင်သာ ယာရေးဌာန၊ သာသနာရေးဦးစီးဌာ န၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန၊ သယံဇာတနှင့် သဘာ ဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန များ၊ ပို့ဆောင်ဆက်သွယ်ရေးဌာန များ၊ ခရိုင်/မြို့နယ်အလိုက် မီးသတ် ဦးစီးဌာန၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ ကိုယ်စားလှယ်များ၊ ခရီးသွား လုပ် ငန်းရှင် ကိုယ်စားလှယ်များ၊ဧည့်လမ်း ညွှန် ကိုယ်စားလှယ်များ၊ စားသောက် ဆိုင် ကိုယ်စားလှယ်များ၊ ပို့ဆောင် ဆက်သွယ်ရေး ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အ စည်း ကိုယ်စားလှယ်များ ပူးပေါင်း‌ ဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနက အကြံပြုထားသည်။
.
လိုအပ်ချက်တွေ၊ ခရီးစဉ်အသစ် တွေကို တကယ်ဒေသခံတွေမှ ပိုသိ တဲ့ အတွက် ဘယ်က ပိုကောင်းမွန်တယ် ဆိုတာ ပြန်ပြောလာရင် ပိုကောင်း တာပေါ့။ ပိုပြီးအောင် မြင်မှာပေါ့။ မြို့ နယ် အလိုက်ဖွဲ့တာက အရမ်းကောင်း ပါတယ်”ဟု ၎င်းက ပြောသည်။
.
ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲ ရေးအဖွဲ့အစည်းများ၏ လုပ်ငန်း တာဝန်များတွင် စည်းကမ်းအချက် ၂၀ ပါဝင်ပြီး အဖွဲ့ဝင် ၂၃ ဖြင့် ဖွဲ့စည်းရန် ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှုဦးစီးဌာနမှ အ ကြံ ပြုထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About