တအာင်း (ပလောင်) အမျိုးသားပါတီအနေဖြင့် မဲဆန္ဒနယ် ၉ ခုတွင် ၀င်ရောက် ယှဉ်ပြိုင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 28, 2020

တအာင်း (ပလောင်) အမျိုးသားပါတီအနေဖြင့် မဲဆန္ဒနယ် ၉ ခုတွင် ၀င်ရောက် ယှဉ်ပြိုင်မည်


မော်မော်
.
တအာင်း (ပလောင်) အမျိုးသားပါတီ အနေဖြင့် လာမည့် ၂၀၂၀ ပြည့် နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၉ ခု၌ ဝင် ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွား မည်ဖြစ်သည်ဟု ယင်းပါတီ အထွေထွေ အတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင် ထံက သိရသည်။
.

.
“အရင် နေရာဟောင်းတွေမှာ အကုန်ဝင်ပြိုင်ပါမယ်။ အားလုံး ၉ နေ ရာပါ။ ကိုယ်စားလှယ်လောင်းတွေက တော့ မြို့နယ်အဆင့် စိစစ်ထားပြီး ပါပြီ။ ဗဟိုကော်မတီက ပြန်စိစစ်ဖို့ပဲ ကျန်ပါတယ်။ လာမယ့် ရွေးကောက်ပွဲ ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ မျှော်လင့် ပါတယ်။ ဒါကြောင့်လည်း ဝင်ပြိုင်ရ တာပါ”ဟု ဦးမိုင်းအုဏ်းခိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တအာင်း(ပလောင်) အမျိုးသား ပါတီသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အ ထွေထွေ ရွေးကောက်ပွဲက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ နေရာနှင့် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ၇ နေရာ ရရှိထားသည့် နိုင်ငံ ရေးပါတီတစ်ခုဖြစ်ကာ ရှမ်းပြည်နယ် လွှတ်တော် အတွင်း၌လည်း ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်ပါတီတို့၏ နောက်တွင် စတုတ္ထ အင်အား အကြီးဆုံး ပါတီ တစ်ခုလည်း ဖြစ်သည်။
.
ပါတီကို ၂၀၁၀ ပြည့်နှစ်၊ ဧပြီ လ ၂၃ ရက်တွင် မှတ်ပုံတင် လျှောက် ထားခဲ့ပြီး ပါတီအမှတ်စဉ် (၁၂) ဖြစ် ကာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန် မြို့တွင် ပါတီဌာနချုပ်ရုံး ဖွင့်လှစ်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About