ပုံပါကျင်တွင် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 22, 2020

ပုံပါကျင်တွင် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့တွင် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ဇူလိုင်လ ၂၁ ရက်က ပုံပါကျင်မြို့ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
.
 
.
ပုံပါကျင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ သစ္စာစီမံချက်ဖြင့် နားကောင်းမူး ကျေးရွာ တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅ ခုကို မိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာရုံးဦးစီးမှူး ဦးထွန်းထွန်း၊ ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်နှင့် တာဝန်ရှိသူတို့က ပြည်သူ တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အသက် ၁၈ ပြည့်ဆိုရင် ကျောင်းမှာ၊ ၁၀ နှစ်ပြည့်ဆိုရင် နေအိမ်အထိ ကွင်းဆင်းလုပ်ပေးပါတယ်” ဟု ပုံပါ ကျင်မြို့ လဝက ဦးစီးမှူး ဦးကျော်စွာဝင်းက ပြောသည်။
.
လက်ရှိအစိုးရလက်ထက် ရက် ၁၀၀ နောက်ပိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့် ပြုလုပ် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယင်းစီမံချက်အရ ပုံပါကျင်နယ်မြေအတွင်းရှိ အသက် ၁၈ နှစ် ပြည့် ပြီးသူ ကျား ၃၀ ဦး၊ မ ၂၃ ဦး၊ စုစုပေါင်း ၅၃ ဦးနှင့် အသက် ၁၀ နှစ်ပြည့် ကျား ၂၀ ဦး၊ မ ၂၂ ဦး၊ စုစုပေါင်း ၄၂ ဦး တို့ကို မှတ်ပုံတင် ကွင်းဆင်း ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ပုံပါကျင်မြို့၏ လူဦးရေ စုစုပေါင်းမှာ ၃၉၆၀၃ ဦး ရှိပြီး “ဝ” ၁၈၇၅၀ ဦး၊ ရှမ်း ၆၅၆၅ ဦး၊ ကိုးကန့် ၆၁၈၈ ဦးတို့ပါဝင်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About