ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်လောင်းမြို့နယ်၊ တီကျစ်မြို့တွင် ယနေ့ ဇူလိုင်လ ၁၅ ရက်၊ ည ၉ နာရီခန့်က လက်ပစ်ဗုံး
ပေါက်ကွဲ၍ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
ပင်လောင်းမြို့နယ်အတွင်း ရှမ်းရိုးမ (၃) အထူးစစ်ဆင်ရေး၌ တာဝန်ထမ်းဆောင်နေသော
ကလောမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံး၊ အောင်ပန်းနယ်မြေ ရဲစခန်းမှ ရဲတပ်သား ၂ ဦးသည် ယနေ့
ဇူလိုင်လ ၁၅ ရက်၊ ည ၉ နာရီ အချိန်ခန့်က တီကျစ်နယ်မြေရဲစခန်းအရှေ့ရှိ ဆံသဆိုင်တွင်ရှိနေစဉ်
အမျိုးအစားစိစစ်ဆဲ လက်ပစ်ဗုံး စနက် တံ ပြုတ်၍ ပေါက်ကွဲပြီး အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ပြီး
ဆံသဆိုင်ရှိ အရပ်သား တစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့ကြောင်း
တီကျစ်နယ်မြေရဲစခန်းမှ သိရသည်။
“ပေါက်ကွဲတာက ဟုတ်ပါတယ်။ လောလောဆယ်မှာတော့ ဒီဗုံးက ဘယ်ကဗုံးလဲ၊
ဘာအမျိုးအစားလဲ ဆိုတာ စုံစမ်းဆဲပါ။ သေဆုံးတာက ၂ ယောက်၊ ဒဏ်ရာရတာက ၁ ယောက်ပါ” ဟု တီကျစ်နယ်မြေ ရဲစခန်းမှူးက
ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းမှ
စိစစ်ဆောင်ရွက်ဆဲဖြစ်ပြီး အသေး စိတ် အချက်အလက်များကို ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း
သိရသည်။
.
No comments:
Post a Comment