တောင်ကြီးမြို့ပေါ်တွင် ယာဉ်ကြော ကြပ်တည်းမှုများ မကြာခဏ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 17, 2020

တောင်ကြီးမြို့ပေါ်တွင် ယာဉ်ကြော ကြပ်တည်းမှုများ မကြာခဏ ဖြစ်ပေါ်နေ

မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ပေါ်ရှိ လမ်းအချို့အား စည်ပင် သာယာရေး ဌာနမှ အဆင့်မြှင့်တင် ပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ စနစ်တကျ လမ်းပိတ် လမ်းလွှဲ ဆောင်ရွက်မှုမရှိခြင်း၊ လမ်း လုပ်ငန်း နေရာများအား တစ်ပြိုင်နက် ဆောင်ရွက်နေ ခြင်းတို့ကြောင့် ယာဉ် ကြောကြပ်တည်းမှုများ မကြာခဏ ဖြစ်ပေါ်နေရသည်ဟု သိရသည်။
.

.
“အနောက်မြို့ပတ်လမ်း ပြင်တာ ကိုပဲ ယာဉ်ကြောကြပ်တာတွေ၊ လမ်း ပိတ်တာတွေက ဖြစ်ခဲ့တယ်။ အခု ဈေးနားမှာကော တခြားနေရာတွေ မှာ တစ်ပြိုင်နက် လုပ်နေတော့ လမ်း ကြပ်တာ၊ ပိတ်တာက ပိုဆိုးလာတာ ပေါ့။ သူတို့ လမ်းပြင်တာက ဘယ်နေ့ ပြီးမယ်ဆိုတာမသိ၊ ဘယ်နေရာမှာ ဘယ်လို ပြင်မယ်ဆိုတာ ပြည်သူတွေ သိပ်မသိကြတော့ သွားလာရတာ အ ခက်အခဲဖြစ်တာပေါ့။ တစ်လမ်းပြီးမှ တစ်လမ်းပြင်ရင် တစ်မျိုးပေါ့။ အခု က ဟိုနားပြင်လိုက်၊ ဒီနား ပြင်လိုက် နဲ့ဆိုတော့ လမ်းပိတ်ပြီး ကားတွေ ပို ကြပ်လာတာပေါ့” ဟု တောင်ကြီး ဒေ သခံ ကိုအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အလားတူ တောင်ကြီးမြို့၊ နဂါး ပွက်ကျောင်း လမ်းအတွင်း ဈေး ရောင်းချသူ တစ်ဦးကလည်း ‌"ဈေး တွေပိတ်ထားလို့ ရောင်းရမယ့် နေရာ မရှိလို့ ဒီလမ်းထဲမှာ ညဘက် လာ ရောင်းတာ။ အခု လမ်းပြင်မယ်ဆို တော့ ဘယ်နား ရောင်းရမလဲ မသိ သေးဘူး။ COVID-19 ကာလ ဖြစ် တော့ နဂိုကတည်းက စီးပွားရေး အ ဆင်မပြေ ဖြစ်နေတာ။ လမ်းကတော့ ပြင်နေပြီ။ ရသလောက်တော့ ဆက် ရောင်းနေရ မှာပဲ”ဟု ပြောဆိုခဲ့သည်။
.
လက်ရှိတွင် တောင်ကြီးမြို့ပေါ်ရှိ အနောက်မြို့ပတ်လမ်း၊ တောင် ကျောင်းလမ်း၊ နဂါးပွက်ကျောင်း လမ်း၊ တက်ခေတ်လမ်း၊ တပင်ရွှေ ထီးလမ်းတို့ကို မြို့နယ် စည်ပင်သာ ယာရေးဌာနမှ အဆင့်မြှင့်တင် ပြုပြင် ခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ် ပြီး ဒေသခံများအနေဖြင့်လည်း အမှန် တကယ် ပြုပြင်ပေးရန် လိုအပ်သည့် အခြား ရပ်ကွက်တွင်း လမ်းများကို အဆင့်မြှင့်တင် ပြုပြင်ပေးရန် လို လား‌နေကြကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် ယင်းကဲ့ သို့ လမ်းများ အဆင့်မြှင့်တင်မှု လုပ် ငန်း မဆောင်ရွက်မီကာလ ကတည်း က ယာဉ်ကြော ကြပ်တည်းမှု၊ ပိတ် ဆို့မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး လက်ရှိတွင် အနောက် မြို့ပတ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင် ရွက်ရာ၌ ယာဉ်ကြော ကြပ်တည်းမှု ဖြေလျော့စေရန် ကုန်တင် ယာဉ်ကြီး များ၊ တွဲယာဉ်များအား လမ်းလွှဲများ ပြုလုပ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats