တောင်ကြီးတွင် အာဇာနည်နေ့ အခမ်းအနားကို လူဦးရေ အကန့်အသတ်ဖြင့် ကျင်းပမည် - Kanbawza Tai News

Breaking

Wednesday, July 15, 2020

တောင်ကြီးတွင် အာဇာနည်နေ့ အခမ်းအနားကို လူဦးရေ အကန့်အသတ်ဖြင့် ကျင်းပမည်

စုလှိုင်
.
လာမည့် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် ၇၃ နှစ်မြောက် အာ ဇာနည်နေ့ အခမ်းအနားကို COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် လူဦးရေ အကန့်အသတ် ဖြင့်သာ ကျင်းပပြုလုပ်သွားမည်ဖြစ် သည်ဟု သိရသည်။


.
အာဇာနည်နေ့က အခမ်းအနား လုပ်ဖြစ်ပါတယ်။ အစိုးရအဖွဲ့ ပြုလုပ် မယ့် အခမ်းအနားမှာလည်း လူအင် အား လျှော့ထားတယ်။ လူအင်အား ၅၀ ဦးနဲ့ပဲ လုပ်မှာပါ။ဆွမ်းကပ်တဲ့ အခမ်းအနားကိုလည်း လူအင်အား ၅၀ ဦးနဲ့ လုပ်မှာပေါ့။ ပြီးတော့ ချီ တက်လာတဲ့ လူတွေကလည်း Mask တပ်တာတို့ လက်ဆေးတာတို့ အကုန် လုံးကလည်း လူစုလူဝေး မဟုတ်ဘဲ တစ်သုတ်ကို လူအယောက် ၂၀ ခွဲပြီး လာရောက် ဂါဝရပြုဖို့ ကြိုတင်စီစဉ် ထားတာတော့ ရှိတယ်”ဟု တောင် ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုး မင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
လက်ရှိတွင် COVID-19 ကာလ ဖြစ်သောကြောင့် ကျန်းမာရေး စည်း ကမ်းချက်များအတိုင်း ဆောင်ရွက် ပေးကြရန်နှင့် အာဇာနည်နေ့သည် လည်း အဖိုးမဖြတ်နိုင်သည့် နေတစ် နေ့ ဖြစ်သည့်အတွက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချူပ် အောင် ဆန်းနှင့် ကျဆုံးလေပြီးသည့် ပုဂ္ဂိုလ် များအတွက် ရှမ်းပြည်နယ် အစိုးရမှ လုပ်ဆောင်ပေးခြင်းကြောင့် ပြည်သူ လူထုမှလည်း လိုက်ပါ ဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံကြောင်း ဦး ဖြိုးမင်းထိုက်က ဆက်လက် ပြောဆို ခဲ့သည်။
.
ထို့အတူ တရားဥပဒေ စိုးမိုးရေး ကွန်ရက်မှ ကိုဝင်းနိုင်စိုးကလည်း “ကျွန်တော်တို့ အနေနဲ့ကတော့ ဒီနှစ် မှာ ကိုယ့်အဖွဲ့နဲ့ကိုယ် လွမ်းသူ့ပန်း ခွေချတာလောက်ပဲ ရှိပါမယ်။ ကျန် တာကတော့ လူစုလူဝေးမဖြစ်အောင် ဘာမှ မလုပ်ပါဘူး” ဟု ပြောဆိုခဲ့ သည်။
.
အာဇာနည်နေ့ အခမ်းအနားကို ပြီးခဲ့သည့် နှစ်များအတွင်းက ရှမ်း ပြည်နယ်၊ တောင်ကြီးမြို့ရှိ ဗိုလ်ချုပ် အောင်ဆန်း ပန်းခြံအတွင်း၌ ပြုလုပ် ရာ တောင်ကြီးမြို့ အပါအဝင် အနီး ပတ်ဝန်းကျင်ရှိ မြို့များမှ ကျောင်း သား/သူများ၊ ဒေသခံပြည်သူများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရ အ ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များက ကျဆုံးလေ ပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာ ဇာနည် ခေါင်းဆောင်ကြီး များအား လွမ်းသူ့ပန်းခွေဖြင့် ဂါရဝပြု ခြင်းများ ကို ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ် တွင်မူ လူစုလူဝေး မဖြစ်ပေါ် စေရေး အတွက် အကျဉ်းချုံးသာ ပြုလုပ်သွား မည်ဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats