တောင်ကြီး-ကျောက်တလုံးကြီးသွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 29, 2020

တောင်ကြီး-ကျောက်တလုံးကြီးသွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ တောင်ကြီး-ကျောက်တလုံးကြီးသွားကားလမ်းတွင် ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများအား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၈ ရက်၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က တောင်ကြီး-ကျောက်တလုံးကြီးသွား ကားလမ်းတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ် နေစဉ် ကျောက်တလုံးကြီးမြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ပင်လောင်းမြို့နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ကာလ ကျေးရွာနေ ခွန်မောင်ငယ် မောင်းနှင်ပြီး ထွန်းဝင်း စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ပီနံအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထား သည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ်သိန်း ၄၀၀ အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ခွန်မောင်ငယ်နှင့် ထွန်းဝင်းတို့ ၂ ဦးအား တောင်ကြီး မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About