တောင်ကြီး-မိုင်းပျဉ်းကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 6, 2020

တောင်ကြီး-မိုင်းပျဉ်းကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ တောင်ကြီး-မိုင်းပျဉ်းသွားကားလမ်း၊ ဇလဲကျေးရွာအနီးတွင် ဇူလိုင်လ ၅ ရက်၊ ညနေပိုင်း က စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၅ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်က သတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့နယ်၊ တောင်ကြီး-မိုင်းပျဉ်းသွား ကားလမ်းတွင် ဇလဲကျေးရွာဘက်မှ တောင်ကြီးဘက်သို့ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေ ဝေလင်းထိုက် (၃၂ နှစ်) စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တွင်ချိတ်ဆွဲထားသော လက်ဆွဲအိတ်အတွင်းမှ ပလတ်စတစ်အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၁ သိန်းအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ဝေလင်းထိုက်အား တောင်ကြီးနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About