တောင်ကြီးတွင် ပိုင်ရှင်ရှိ မြေကွက်များအား လူတစ်စုမှ ကျူးကျော်ဝင်ရောက် ဖျက်ဆီးသည်ဟု ဆိုကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြား - Kanbawza Tai News

Breaking

Thursday, July 2, 2020

တောင်ကြီးတွင် ပိုင်ရှင်ရှိ မြေကွက်များအား လူတစ်စုမှ ကျူးကျော်ဝင်ရောက် ဖျက်ဆီးသည်ဟု ဆိုကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြား

စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင် ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၁၁)၊ ဒေသအခေါ် ဆင်နှစ်ကောင်တွင် ပိုင်ရှင်ရှိ မြေကွက်များအား ဦးဘ မောင်နှင့် ဒေါ်တင်ရွှေတို့၏စေခိုင်း ချက်အရ တရုတ်လူမျိုး ဦးတင်ဝင်း ဦး ဆောင်သောအဖွဲ့က ကျူး ကျော်ဝင် ရောက် ဖျက်ဆီးသည်ဟုဆိုကာ နစ် နာသူ မြေကွက်ပိုင်ရှင် ၉ ဦးက လက် မှတ်ရေးထိုး၍ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ထံ တင်ပြတိုင်ကြားထားသည်ဟု သိရသည်။
.
.
“ ကျွန်တော်က နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာ တစ်ယောက်ပါ။ ငွေစု ငွေချေး ယူပြီး ချွေးနည်းစာနဲ့၊ လခနဲ့ ဝယ်ထားတဲ့ မြေကွက်ပေါ်မှာ ဦးတင် ဝင်းက စေခိုင်းချက်အရဆိုပြီး ခြံစည်း ရိုး တိုင်တွေရော၊ စိုက်ပျိုးထားတဲ့ အပင်တွေရော ဖျက်ဆီးသွားတယ်”ဟု လက်မှတ်ရေးထိုး တိုင်ကြားခဲ့သူ တစ်ဦးဖြစ်သည့် ဦးအောင်ကြည်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၎င်းတို့အနေဖြင့် အဆိုပါ မြေ ကွက်များကို စာချုပ်စာတမ်းများဖြင့် ၂၀၁၅ ခုနှစ်ကတည်းက အသိသက် သေများ ရှေ့မှောက်တွင် ဝယ်ယူ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်ဟု တိုင်ကြား စာအရ သိရသည်။
.
အဆိုပါ တင်ပြစာတွင် ပိုင်ရှင်ရှိ မြေကွက်များအတွင်း ကျူးကျော်ဝင် ရောက်မှုနှင့် ပတ်သက်၍ မြေကွက် ပိုင်ရှင် ၉ ဦးမှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ လ ၁၃ ရက်တွင် ရှမ်းပြည်နယ် အစိုး ရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ထံ ပ ထမအကြိမ် လက်မှတ်ရေးထိုး တင် ပြတိုင်ကြားခဲ့သော်လည်း နစ်နာ သော မြေကွက်ပိုင်ရှင် များအား ခေါ်ယူ တွေ့ဆုံမေးမြန်းခြင်း၊ နှစ်ဦးနှစ်ဘက် ညှိနှိုင်း ဆွေးနွေးပေးခြင်း၊ ကွင်းဆင်း စစ်ဆေးပေးခြင်း၊ အရေးယူ ဆောင် ရွက်ပေးခြင်း မရှိဘဲ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်က ရှမ်းပြည်နယ် အစိုးရ အဖွဲ့နှင့် ခရိုင်/မြို့နယ်အထွေထွေ အုပ် ချုပ်‌ရေးဦးစီးဌာနများ၌ စုံစမ်းမေး မြန်း ရာတွင် မြို့နယ်အထွေထွေအုပ် ချုပ် ရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဒီဇင် ဘာလ ၂၈ ရက်တွင် ခေါ်ယူဖြေရှင်း ခဲ့ပြီး ဖြစ်သည်ဟု သိခဲ့ရပါကြောင်းနှင့် ယင်းကဲ့သို့ ခေါ်ယူ ဖြေရှင်းပေးခြင်း ကို မြေကွက်ပိုင်ရှင်များမှ သိရှိခြင်း မ ရှိပါကြောင်း၊ ယင်းကဲ့သို့ ကျူးကျော် ဝင်ရောက် ဖျက်ဆီးခြင်းများအား ဘု ရားဖြူရပ်ကွက်အုပ် ချုပ်ရေးမှူး ရုံး နှင့်  တောင်ကြီး နယ်မြေရဲစခန်းများသို့ အ ကြောင်းကြား တင်ပြခဲ့သော်လည်း တားမြစ်မှု မရှိပါသဖြင့် လိုအပ်သလို အရေးယူဆောင်ရွက် ပေးပါရန် ထပ် မံ တင်ပြအပ်ပါသည်ဟု ဖော်ပြပါရှိ သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘု ရားဖြူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး ခွန်ညွန့်မောင်အား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာတွင် “သေချာ ကွင်းဆင်း စိစစ်ပြီးမှ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်၊ ဘယ်သူက ကျူး ကျော်တယ်ဆိုတာ သိရမှာပါ။ တစ်ဘက် ဘက်က နစ်နာသွားရင် လည်း မကောင်းပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ထို့အတူ ကျူးကျော်ဝင်ရောက် ဖျက်ဆီးရန် စေခိုင်းသူဟုဆိုသူ ဦးဘ မောင်နှင့် ဒေါ်တင်ရွှေတို့၏ နေအိမ်သို့ သွားရောက်တွေ့ဆုံမေးမြန်းရာတွင် တစ်စုံတရာ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိချေ။
.

No comments:

Post a Comment

Journal Download

Photo of three cats