ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာဘုရား စေတီတော်အား လာမည့် ဇူလိုင်လ ၂၄ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့ ထံက သိရသည်။
.
.
“၂၄ ရက် ဖွင့်မှာပါ။ မနက် ၅ နာရီကနေ ည ၇ နာရီအထိ ဖွင့်ပေးသွားမှာပါ။ အစိုးရ ခွင့်ပြုချက်နဲ့ ဖွင့်တာပါ။ ဈေးဆိုင်ခန်းတွေကော အကုန်ပြန်ဖွင့်မှာပါ” ဟု စူဠာမုနိစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသူရစောသိန်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ စူဠာမုနိလောကချမ်းသာဘုရားကြီး၏ စေတီတော် ရင်ပြင်တော်နှင့် ဈေးဆိုင်ခန်းများအား ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်က ဂေါပကအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဖွင့်လှစ်ပေးခဲ့သော်လည်း နောက်တစ်နေ့ ဖြစ်သော ဇူလိုင်လ ၂ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ပြန်ပိတ်ခဲ့ခြင်းဖြစ်ကာ ယခု ဇူလိုင်လ ၂၄ ရက်တွင် ရှမ်းပြည် နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
.
COVID-19 ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်းရှိ အထင်ကရ ဘုရား၊ စေတီများကို ဝင်ရောက်ခွင့် ပိတ်ပင်ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂၉ ရက်တွင် ညွှန်ကြားထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment