စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မဈေးရှိ နာရီစင် ညဈေးတန်းအား
COVID-19
ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် များနှင့်အညီ လာမည့် ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်
ရောင်းချခွင့် ပြုသွားမည်ဖြ စ်ကြောင်း သိရသည်။
.
.
“နာရီစင် ညစျေးက ဖွင့်မယ်။ ဒီနေ့ (ဇူလိုင် ၁၀) မနက်မှ ညစျေး
ကော်မတီ နဲ့အစည်းအဝေး လုပ်ထားပြီးပြီ။ စျေးကော်မတီ နဲ့ စျေးသူစျေးသားတွေ မနက်ဖြန်
တွေ့ကြလိမ့်မယ်။ တွေ့ပြီး ကျန်းမာရေးအရ စားသောက် ဆိုင်တွေများတဲ့အတွက် ကြောင့်
ပြင်ဆင်တာတွေ လုပ်လိမ့်မယ်။ တနင်္ဂနွေ နေ့လောက် ဖွင့်နိုင်အောင် ကြိုးစားနေတယ်။
စည်းကမ်း ကတော့ COVID -19
စည်းကမ်းအတိုင်း တစ်ဆိုင်ခြားပါပဲ” ဟု တောင်ကြီး မြို့နယ် စည်ပင်သာယာရေးဌာနမှ
အမှုဆောင် အရာရှိ ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်းကဲ့သို့ နာရီစင် ညဈေးတန်း ပြန်လည်ဖွင့်လှစ်ခွင့် ပြုရာတွင်
ညဈေးအတွင်းရှိ ဈေးဆိုင်ခန်း ၆၈ ခန်း အနက် တစ်ညလျှင် ၃၄ ခန်းစီ အလှည့်ကျ ဖွင့်လှစ်ခွင့်
ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်ရှိ အဓိက ဈေးများဖြစ်သော မြို့မဈေး၊ စဝ်စံထွန်းဈေး၊
အမှတ် (၅) ဈေး၊ ရဲဘော် ဈေးတို့ကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ စတင်၍ သတ်မှတ်စည်းကမ်းချက်များဖြင့်
ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ကာ ပျံကျဈေးသည်များကို လက်ရှိအချိန်ထိ ယာယီသတ်မှတ်ထားသော
နေရာများတွင်သာ ရောင်းချခွင့် ပြုထား ခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment