ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ စတုတ္ထတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ
သတင်းစာရှင်းလင်းပွဲ ပြုလုပ် ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်
အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းထံ က သိရသည်။
.
.
“သတင်းစာ ရှင်းလင်းပွဲက လုပ်ဖို့ရှိပါတယ်။ စီစဉ်နေပါပြီ။
လုပ်ရင် အချိန်မီ အကြောင်းကြားပေးမှာပါ” ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး
ဦးနေလင်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်ကလည်း
ရှမ်းပြည်နယ်အစိုး ရအဖွဲ့၏ တတိယ တစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်များ
ရှင်းလင်းပွဲ အား တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာ
သည့် သတင်း မီဒီယာဌာန တစ်ခု လျှင် မေးခွန်း ၃ ခုစီ မေးမြန်းခွင့် ပြုခဲ့ သည်။
.
၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် တွင် ကျင်းပပြုလုပ်ခဲ့သော
ပြည်လုံး ကျွတ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ
လွှတ်တော် ကိုယ်စားလှယ်နေရာ အ များစု အနိုင်ရရှိခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ်၊
ဖေဖော်ဝါရီလတွင် ဒုတိယအ ကြိမ် လွှတ်တော်အသီးသီးကို စတင် ခေါ်ယူကျင်းပခဲ့ပြီး
ယင်းနှစ် ဧပြီလ ၁ ရက်တွင် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်
အစိုးရ အဖွဲ့ အာဏာလွှဲပြောင်း ရယူမှုများ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင်
ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသ ကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ သက်တမ်းမှာ ၄
နှစ် ပြည့်မြောက် ကျော်လွန်ခဲ့ပြီး ဖြစ်သည်။
.
လက်ရှိ ဒုတိယအကြိမ် ရှမ်းပြည် နယ်အစိုးရအဖွဲ့တွင်
ပြည်နယ်ဝန် ကြီးချုပ် အပါအဝင် ဝန်ကြီးဌာနအ လိုက်ဝန်ကြီး ၈ ဦး၊ တိုင်းရင်းသား
လူမျိုးရေးရာဝန်ကြီး ၇ ဦး၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ် ဥပဒေချုပ်၊
ပြည်နယ် စာရင်းစစ်ချုပ် တို့မှ ပါဝင် ထမ်းဆောင်နေလျက် ရှိ သည်။
.
No comments:
Post a Comment