ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှု ကော်မတီ (၁/၂၀၂၀) အစည်းအဝေးကို
ဇူလိုင် ၁၀ ရက် ညနေပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး
အစည်းအဝေးခန်းမ၌ ကျင်း ပရာ အစည်းအဝေးမှာ ရှမ်းပြည်နယ် အတွင်းရှိ လုပ်ငန်း ၃ ခု အား
အတည် ပြုမိန့် ထုတ်ပေးရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ လုပ်ငန်း ၃ ခုမှာ ရာနှုန်း ပြည့် မြန်မာနိုင်ငံသား
ရင်းနှီးမြုပ်နှံမှု ဖြင့် Aramaw (Nyaung Shwe)Co.,Ltd ၏
ဟိုတယ်ဝန်ဆောင်မှုလုပ် ငန်းဆောင်ရွက်ခွင့် ပြုပါရန်အတည် ပြု လျှောက်ထားလွှာ
တင်ပြခြင်း၊ ဖက်စပ် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဖြင့် Hi Avocado MTD
Co,Ltd ၏ ထော ပတ်သီးစိုက်ပျိုးခြင်းနှင့် ပြုပြင်ထုတ် လုပ်
ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့် ပြု ပါရန် အတည်ပြု လျှောက်ထားလွှာ
တင်ပြခြင်းနှင့် ရာနှုန်းပြည့် မြန်မာ
နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Unique Lawksawk Mango Public
Co.,Ltd ၏ သရက်သီး သန့်စင် ထုတ်ပိုး ခြင်း လုပ်ငန်း ဆောင်ရွက်ခွင့်
ပြုပါရန်အ တည်ပြု လျှောက်ထားလွှာ တင်ပြ ခြင်း လုပ်ငန်းများ ဖြစ်ကြောင်း သိရ သည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု
ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား
ပြောကြားပြီး ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး
ဦးလေးနိုင်မှ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသို့ အတည်ပြု
လျှောက်ထားလွှာ အဖြစ် တင်ပြလာသော လုပ်ငန်း ၃ ခုအား ဆွေးနွေးတင်ပြပြီး လုပ်ငန်းရှင်
အသီး သီးမှ ဆွေးနွေး တင်ပြကြသည်။
.
ထို့နောက် ရှမ်းပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီ
အဖွဲ့ဝင်များမှ ပါ ဝင် ဆွေးနွေး၍ ရှမ်းပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီ
အဖွဲ့ဝင်များမှ အ တည်ပြု လျှောက်လွှာ တင်ပြလာ သော လုပ်ငန်း ၃ ခုတို့အား ဆွေးနွေး
ဆုံးဖြတ်ကြကာ ရှမ်းပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည် နယ်
အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်မှ နိဂုံးချုပ် အမှာစကား ပြော ကြားခဲ့ကြောင်း
သိရှိရသည်။
.
ယင်း အတည်ပြုမိန့် ထုတ်ပေး ရန် ဆုံးဖြတ်ခဲ့သည့်
လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ မြန်မာကျပ် ၅၆၇၂ ဒသမ ၉၉
သန်း နှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၃ သန်းရှိပြီး အဆိုပါလုပ်ငန်းမှ ပြည် တွင်း
အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၁၂၀ ဦးအား ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment