ခရီးသည်တင် ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနေသော်လည်း ခရီးသွားပြည်သူ နည်းပါးဆဲဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 8, 2020

ခရီးသည်တင် ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနေသော်လည်း ခရီးသွားပြည်သူ နည်းပါးဆဲဖြစ်


မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးကို အခြေပြု၍ ပြည်နယ်တွင်းနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ပြေးဆွဲနေသည့် ခရီးသည် တင် ယာဉ်လိုင်းများမှာ ပြန်လည်ပြေး ဆွဲနေသည်မှာ တစ်လကျော် ကြာမြင့် လာသော်လည်း ခရီးသွားပြည်သူ နည်းပါးနေဆဲဖြစ်သည်ဟု သိရသည်။
.


.
“ယာဉ်လိုင်း ပြန်ဆွဲနေတာ တစ် လကျော်ပြီဆိုပေမဲ့ ခရီးသွားပြည်သူ ကတော့ နည်းနေသေးတယ်။ COVID -19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသ ရေးကာလအတွင်းမှာ ခရီးသည်တင် ယာဉ်တွေအနေနဲ့ ခရီးသည်ပမာဏ ထက်ဝက် လျှော့ချတင်ဆောင်ရတဲ့ အပြင် ကားလက်မှတ်ဈေးနှုန်း ၂ ဆ နဲ့ ပြေးဆွဲနေတာ ဖြစ်တဲ့အတွက် ခ ရီးသွားတွေ အနေနဲ့ကလည်း မဖြစ်မ နေ သွားရတဲ့ အခြေအနေမျိုးမှပဲ ခရီး သွားကြတယ်”ဟု ချမ်းသာအောင် ယာဉ်လိုင်းမှ ဂိတ်မှူး ကိုစိုးကို က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ယာဉ်လိုင်းများ အနေ ဖြင့် ခရီးသည်တင်ယာဉ်များ ပေါ်တွင် တစ်ခါသုံး Mask များ၊ လက်ဆေး ဆပ်ပြာ ရည်များ ထားရှိပေးထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အပါအဝင် သက်ဆိုင်ရာဌာနများ က ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ခရီး သည် တင်ဆောင် ပြေးဆွဲပေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ဆိုခဲ့သည်။
.
.“ခရီးသည်တင် ကားတစ်စီးကို ခရီးသည်က တစ်ဝက်ပဲတင်ရတယ်။ လက်မှတ်ဖိုးကလည်း ၂ ဆဖြစ်သွား တာရယ်၊ ရောဂါကူးစက်ခံရမှာ စိုးရိမ် တဲ့အတွက်ရယ်ကြောင့် ခရီးသွား တွေ နည်းနေသေးတယ်။ အရင်နှစ်တွေ က တော့ ခရီးသည် ဒီလောက် သိသိသာ သာ နည်းသွားတာ မရှိပါဘူး”ဟု တောင်ကြီးဒေသခံ ယာဉ်မောင်း တစ် ဦးကလည်း ပြောဆိုခဲ့သည်။
.
ထို့အတူ တောင်ကြီးဒေသခံ တစ် ဦးကလည်း “အရင်ကတော့ အလုပ် ကိစ္စနဲ့ တစ်ပတ်တစ်ခါလောက် ခရီး ထွက် နေရတယ်။ ကားလက်မှတ်ဖိုး ၂ ဆပေးရလို့ ခရီးမသွားတာမျိုးတော့ မဟုတ်ပါဘူး။ မဖြစ်မနေ အရေးပေါ် ကိစ္စတွေ ရှိလာရင်တော့ ဘယ်သူဖြစ် ဖြစ် ခရီးသွားကြမှာပဲ။ ခရီးသွားပြည် သူတွေကလည်း ရောဂါပိုး ကူးစက် မခံရအောင် ခရီးသွားလာမှုကို လျှော့ ချ လိုက်တဲ့ သဘောပါပဲ”ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့မှ ခရီးသွား ပြည်သူများအား ခရီးသွားလာမှု လျှော့ချကြရန် ပန်ကြားထားသည့် အပြင် ခရီးသည်တင် ယာဉ်လိုင်းများအား သတ်မှတ်စည်းကမ်းများနှင့်အညီ ခရီးသည် တင်ဆောင် ပြေးဆွဲရန် ညွှန်ကြားချက်များအား လိုက်နာမှု ရှိ/မရှိ ကို သက်ဆိုင်ရာ မြို့နယ်အလိုက် ဌာနဆိုင်ရာများမှ စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About