စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် ကျောင်းများအား
ယနေ့ ဇူလိုင်လ ၂၁ ရက်မှ စတင်၍ အသုတ်အလိုက် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
.
.
ထိုသို့ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းအလိုက် ကျောင်းသား/သူ
ဦးရေအပေါ် မူတည်၍ တစ်ပတ်ခြား တစ်သုတ် တက်ကျောင်း၊ တစ်ပတ်ခြား ၂ သုတ်တက်ကျောင်း စသည်ဖြင့်
ဖွင့်လှစ်သင်ကြားပေးနေခြင်း ဖြစ် ကြောင်း သိရသည်။
“ကျောင်းသား/ကျောင်းသူတွေကို ၂ သုတ်ခွဲလိုက်တော့ လူစုလူဝေးလည်း မဖြစ်ဘူး။ စာသင်ကြားရတာ အ ဆင်ပြေပါတယ်။ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း အားလုံးပြင်ဆင်ထားတယ်။
အတန်းတွေ ကိုလည်း မိနစ်ခြားပြီးမှ ကျောင်းထဲဝင်/ထွက်ဖို့ ကြေညာထားတယ်။ ကလေးတွေ နေမကောင်းဖြစ်ခဲ့ မယ်ဆိုရင်
မိဘတွေကို အကြောင်းကြားပြီး ခွင့်ယူခိုင်းမယ်။ ကျောင်းမှာ နေမကောင်းဖြစ်ရင်လည်း ဆေးခန်း
ဆောင်ရွက် ပေးထားတယ်။ ဆေးတွေ၊ COVID-19 နဲ့ ပတ်သက်တာတွေ အကုန်လုံး ပြင်ဆင်ဆောင်ရွက်ပေး
ထားပါတယ်။ စာသင်ချိန်ပြီးသွားရင် လည်း စာသင်ခန်းတွေကို ဆေးဖျန်းပါတယ်။ ကျောင်းတက်တာ
တစ်လ နောက်ကျနေပြီဆိုပေမဲ့ ဌာနရဲ့ ညွှန်ကြားချက်အတိုင်းပဲ သင်သွားမှာပါ။ မိဘတွေအနေနဲ့လည်း
ပူးပေါင်း ပါဝင်ပေးစေလိုပါတယ်” ဟု တောင်ကြီးမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းမြင့်မြင့်အေး ပြောသည်။
.
ကျောင်းသူ/သားများ ကျောင်းတက်ရောက်မှု အခြေအနေနှင့် ပတ်သက်၍
ရှမ်းပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်က “ကျောင်းတက်တဲ့ဦးရေ စာရင်းပြုစုနေတုန်း ရှိသေးတယ်။
ပုံမှန်တက်ကျောင်း၊ တစ်ပတ်ခြား တစ်သုတ်တက် ကျောင်း၊ တစ်ပတ်ခြား ၂ သုတ်တက်ကျောင်း ပုံစံ
၃ မျိုးဆိုတော့ ရာနှုန်းပြည့်လို့ သတ်မှတ် လို့ မရနိုင်သေးဘူး။ တစ်ပြည်နယ်လုံး စာရင်းချုပ်နေပါသေးတယ်။
ကျောင်းသူ/သားတွေ တော်တော်များ များ တက်ကြပါတယ်” ဟု ပြောဆိုခဲ့သည်။
.
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
အခြေခံပညာအထက်တန်းအဆင့်များကို ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားပေးနေခြင်းဖြစ်ပြီး
အလယ်တန်းအဆင့်ကို သြဂုတ်လ တွင် လည်းကောင်း၊ မူလတန်းကို နောက်ဆုံးအသုတ် တွင်လည်းကောင်း
ဖွင့်လှစ်မည်ဖြစ်ပြီး ကိုယ်ပိုင်ကျောင်းများ သည်လည်း အလားတူ ဖွင့်လှစ်ရမည်
ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment