ရှမ်းတောင်တွင် သတ်မှတ် ကျောင်းအပ် ကာလအတွင်း၌ ကျောင်းလာအပ်သူ ၇၀ ရာခိုင်နှုန်းကျော်သာ ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 20, 2020

ရှမ်းတောင်တွင် သတ်မှတ် ကျောင်းအပ် ကာလအတွင်း၌ ကျောင်းလာအပ်သူ ၇၀ ရာခိုင်နှုန်းကျော်သာ ရှိ

စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း တွင် အခြေခံပညာ အထက်တန်းအဆင့် များအတွက် ကျောင်းအပ်ကာလဖြစ် သော ဇူလိုင်လ ၁၃ ရက်မှ ၁၇ ရက် အတွင်း ကျောင်းလာအပ်သူ ၇၀ ရာ ခိုင်နှုန်း ကျော်သာ ရှိသေးသည်ဟု ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
.
.
ကျောင်းအပ်တာကတော့ ဖွင့်တဲ့ရက်အထိ ဆက်တိုက်လက်ခံနေ ပါတယ်။ အရင်နှစ်တွေနဲ့ ယှဉ်ရင် ရာနှုန်း ပြည့်တော့ မရှိသေးပါဘူး။ ၇၀ ရာခိုင်နှုန်း လောက်ပဲ ရှိဦးမယ်”ဟု ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဇွန်လ ၁၇ ရက်အထိ ရှမ်းပြည် နယ် တောင်ပိုင်းတွင် အခြေခံပညာ အထက် တန်းအဆင့် ကျောင်းအပ်နှံ မှု အနေဖြင့် စနစ်သစ် Grade-10 ကျောင်းအပ်နှံသူ ၂၂၄၉၀ ဦးနှင့် Grade 11 ကျောင်းအပ်နှံသူ ဦး ၁၆၈၆၀ ရှိ ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အ ရှေ့ပိုင်း စာရင်းများကို ရရှိခြင်း မရှိ သေးကြောင်း ၎င်းကဆက်လက်ပြော ဆိုခဲ့သည်။
.
၂၀၂၀-၂၀၂၁ ပညာသင်နှစ် ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်း အထက်တန်းအဆင့်များကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက် တွင် ကျောင်းအပ်လက်ခံခဲ့ပြီး ဇူလိုင်လ ၂၁ ရက်တွင် ကျောင်း စတင်ဖွင့်လှစ်ခြင်း ဖြစ် ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၌ ၂၀၁၉-၂၀၂၀ ပ ညာသင်နှစ်က အထက်တန်း ကျောင်း ၂၇၂ ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) ၁၉၀ ကျောင်း၊ အလယ်တန်း ကျောင်း ၂၈၁ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၃၄၀ ကျောင်း၊ မူလတန်း လွန် ကျောင်း ၇၉၃ ကျောင်း၊ မူလ တန်းကျောင်း ၃၈၀၂ ကျောင်း၊ မူလ တန်းကျောင်း (ခွဲ) ၇၀၁ ကျောင်း၊ တွဲ ဘက် မူလတန်းကျောင်း ၁၂ ကျောင်း ရှိပြီး စုစုပေါင်း ၆၃၉၁ ကျောင်း ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats