ကျောင်းအပ်နှံရေး ကိစ္စနှင့် ပတ်သက်၍ မိဘအုပ်ထိန်းသူများ အခက်အခဲ ဖြစ်ပေါ်နေ

ထမံသီ
.
၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းများနှင့် ဘော်ဒါဆောင် များထံ ကျောင်းအပ်နှံရေးကိစ္စ နှင့် ပတ်သက်၍ မိဘအုပ်ထိန်းသူများ အခက်အခဲ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။
.
.
“၉ တန်းအောင်ပြီး ဒီတစ်နှစ် ၁၀ တန်းတက်ရမယ့် အိမ်ကသားအ တွက် သောက ဖြစ်နေရတယ်။ ပုဂ္ဂ လိက ကျောင်းတစ်ကျောင်းကို ဆက် သွယ်တော့ ဇူလိုင်လ ၁၅ ရက်အတွင်း စရန်ပေး ပြီးအပ်ရမယ်။ အဲဒီစရန်က လည်း အပ်ပြီးလို့မှ ပညာရေးဝန်ကြီးဌာနက အကြောင်း တစ်ခုခုကြောင့် မဖွင့်ဖြစ်ခဲ့ရင်ပေးထားတဲ့ စရန်အဆုံး လို့ ပြောပါတယ်။ အငယ်တန်း တွေကတော့ သူတို့ ဆရာမကကျူရှင် ခေါ်လို့ အပ်လိုက်ပြီ။ အထက်တန်း အတွက် အပ်ရမှာလို မအပ်ရမှာလို ဖြစ်နေတယ်။ ဒီတစ်နှစ်ပညာရေးက ကပ်ရောဂါကြောင့် ဘယ်လိုလာဦး မ လဲဆိုတာ မသိဘူး”ဟု ပင်းတယမြို့ နေ ကျောင်းသားမိဘတစ်ဦးက ၎င်း ၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ထို့အတူ ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိကကျောင်းတစ်ခုမှ တာဝန်ရှိ သူကလည်း “ဒီနှစ် ပညာရေးက COVID-19 ကြောင့် အကန့်အသတ် များတယ်။ ကျွန်မတို့ကျောင်းမှာ အ ရင်နှစ်က ကျောင်းသား/သူ ၃၀၀ လောက် ရှိတယ်။ အရင်က ပေ ၃၀ x ၂၀ တစ်ခန်းကို ကျောင်းသား ၄၀ က နေ ၅၀ ဆံ့တယ်။ အခုက ၄ ပေခြား ဆိုတော့ ၂၀ ပဲ ထားလို့ ရမယ်။ ဒီတော့ စာသင်ခန်းတွေ ချဲ့ရတယ်။ လက်ဆေးဘေစင်တွေ တစ်ခန်း တစ်ခု တပ်ရတယ်။ Mask တွေ အသုံး အဆောင်တွေ ဝယ်ရ တယ်။ ညအိပ် ညနေ ကလေးတွေ အတွက် အိပ် ဆောင်တွေက အစ တိုးချဲ့ရတယ်။ ကျွန်မတို့ ဘက်မှာ လည်း အခက်အခဲတွေ အများကြီး ပါပဲ”ဟု ပြောဆို ခဲ့သည်။
.
စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသား ၂၀ သာ သင်ကြားပါက စာသင်ချိန် အလှည့်ကျဖြင့် ဘာသာစုံ အတွက် သင်ကြားချိန် နည်းသွားနိုင် ပြီး အဆောင်ထပ်တိုးရန် မြေပို မရှိ သဖြင့် ကျောင်းသားဦးရေကို လျှော့ ချ လက်ခံရမည် ဖြစ်ကြောင်းနှင့် ယမန် နှစ်က ကျောင်းသားတစ်ဦးလျှင် အ ဆောင်နေစရိတ်နှင့် စားစရိတ်မပါ စာသင်ကြေး တစ်လငွေကျပ် တစ် သိန်းခန့် ကောက်ခံခဲ့ရာမှ ယခုနှစ် တွင် ပိုမိုကောက်ခံရန် စဉ်းစားနေရ ကြောင်း ဘော်ဒါဆောင် ပိုင်ရှင် တစ် ဦးကလည်း ပြောဆိုခဲ့သည်။
.
၂၀၂၀-၂၀၂၁ ပညာသင်နှစ် အ တွက် ရှမ်းပြည်နယ်အတွင်းရှိ  အခြေခံ ပညာ အထက်တန်းအဆင့်ကျောင်း အပ်နှံမှုကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက် အထိ လက်ခံဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်တွင် ကျောင်း ပြန်လည် ဖွင့်လှစ်သွားရန် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြား ထားကြောင်း သိရသည်။
.
၂၀၂၀-၂၀၂၁ ပညာ သင်နှစ်အ တွက်  ရှမ်းပြည်နယ် ပညာရေးမှူးရုံး ၏ ကိုယ်ပိုင်ကျောင်းများ စာရင်းအရ ရှမ်းတောင်တွင် ထက်/ လယ်/မူ စုစု ပေါင်း ၆၂ ကျောင်း၊ ရှမ်းမြောက်တွင် ကျောင်း ၇၀ ၊ ရှမ်းရှေ့တွင် ၁၀ ကျောင်း ရှိပြီး၊ တစ်ပြည်နယ်လုံးအ တိုင်းအတာဖြင့် ကိုယ်ပိုင်ကျောင်း စု စုပေါင်း ၁၄၂ ကျောင်း ရှိနေသည်ဟု သိရသည်။
.

Comments