မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ သီတဂူကျောင်းတိုက်ရှိ
ဆွမ်းစားကျောင်းဆောင် အနောက် ဘက်တွင် ဇူလိုင်လ ၂၇ ရက်၊ ညပိုင်းက အသက် ၃၀ အရွယ်ခန့်ရှိ
အမျိုးသားတစ်ဦးအား သေဆုံးလျက် တွေ့ရှိခဲ့ ကြောင်း သိရသည်။
.
.
“သီတဂူကျောင်းက ဆွမ်းစားဆောင် အနောက်ဘက်မှာ လူသေတယ်ဆိုပြီး ည
၈ နာရီလောက်မှာအကြောင်း ကြား လာလို့ သွားကြည့်တော့ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး
အပေါ်ပိုင်း အဝတ်ဗလာနဲ့ သေဆုံးနေတာကို တွေ့ရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းကို
အကြောင်းကြားပြီး အလောင်းကို စဝ်စံထွန်းဆေးရုံကို ပို့ထားတယ်။ ပြင်ပဒဏ်ရာတွေတော့ မရှိဘူး။
ကျန်တာကတော့ ရဲလုပ်ငန်းအတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ရွှေတောင်ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးက
ပြောသည်။
သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်ခန့်ရှိ သန်းအေး ဆိုသူဖြစ်ပြီး
၎င်းသည် အိမ်ခြေမဲ့တစ်ဦးဖြစ်ကာ မူးယစ်ဆေး စွဲနေသူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သန်းအေး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်
စစ်ဆေးနိုင်ရန် တောင်ကြီး မြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment