တောင်ကြီးတွင် အကြီးဆုံးဟု ယူဆရသော ချယ်ရီပင် ၄ ပင် တွေ့ရှိ - Kanbawza Tai News

Breaking

Sunday, July 5, 2020

တောင်ကြီးတွင် အကြီးဆုံးဟု ယူဆရသော ချယ်ရီပင် ၄ ပင် တွေ့ရှိ

စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ရှမ်းပြည် နယ် ဗုဒ္ဓတက္ကသိုလ်အနီးတွင်  အကြီးဆုံးဟုယူဆရသော ချယ်ရီ ပင် ၄ ပင် ကို တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။
.



.
အဆိုပါ ချယ်ရီပင်များသည် ရင် စို့လုံးပတ်ခေါ် မြေပြင်အထက် ၄ ပေ ခွဲအမြင့်တွင် တိုင်းတာရရှိသည့် လုံး ပတ် ၁၁ ပေ၊ ၉ လက်မ၊ ၁၁ ပေ၊ ၈ လက်မ၊ ၁၀ ပေနှင့် ၈ ပေ၊ ၇ လက်မ အသီးသီး ရှိပြီး တစ်စုတစ်ဝေးတည်း ရှိကြကြောင်း သိရသည်။
.
“အကြီးဆုံး ဖြစ်/မဖြစ် ဆိုတာ ကို စိစစ်သွားမှာပါ။ သတ်မှတ်လိုက် တာတော့ မဟုတ်သေးဘူး။ သူ့ထက် ကြီးတာလည်း ရှိကောင်း ရှိလာနိုင် တယ်။ တကယ်လို့ ရှိလာခဲ့ရင် ပြင်ဆင် ရမှာပေါ့။ သက်တမ်းက ခန့်မှန်းရ ခက်တယ်။ ရာကျော်တော့ ရှိမှာပါ။ သက်တမ်းသိဖို့ ပင်စည်ထဲကိုဖောက် ပြီး သစ်ကွေးလေးတွေ ယူပြီး စစ်ဆေး မယ့် နည်းလမ်းတော့ ရှိပါတယ်။ အဲ ဒါနဲ့ စမ်းသပ်ပြီးရင် နှစ်သက်တမ်း ဘယ်လောက်ရှိပြီဆိုတာ ခန့်မှန်းလို့ရပါတယ်” ဟု ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင် ဝင်းက ပြောသည်။
.
ယင်း ဗုဒ္ဓတက္ကသိုလ်အနီးရှိ ချယ် ရီပင်များ ရှိရာသို့ နှစ်စဉ် ချယ်ရီပန်း ပွင့်ချိန်တွင် တောင်ကြီးမြို့မှ ချယ်ရီ ပန်းချစ်သူများ လာ ရောက် အလှဓါတ် ပုံ ရိုက်ကူးသူများဖြင့် စည်ကားလေ့ ရှိပြီး ချယ်ရီပန်းပင်များ ခုတ်ယူခြင်း မပြုရန် အသိပေး၍ တားမြစ်ထား ကြောင်း သိရသည်။
.
ချယ်ရီပင်သည် နှင်းဆီမျိုးရင်း ဝင် အပင်ဖြစ်၍ မျိုးရင်းမှာ ဂရုနပ် ဖြစ်သည်။ ကမ္ဘာ့မြောက်ခြမ်း ဒေသ ဖြစ်သော ဂျပန်၊ ထိုင်ဝမ်၊ ကိုရီးယား၊ တရုတ်၊ နီပေါလ်၊ အိန္ဒိယ၊ ပါကစ္စ တန်၊ အာဖဂန်နစ္စတန်၊အီရန်၊မြန်မာ၊ ထိုင်းနှင့် ဆိုက်ဘေးရီးယားနိုင်ငံ တို့ တွင် ပေါက်ရောက်ပြီး ဂျပန်နိုင်ငံ၏ အမျိုးသားပန်း တစ်မျိုးလည်း ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats