အခြေခံလူတန်းစား မိသားစုဝင်များ၏ ကလေးငယ်များအား ကျောင်း ပြန်ထားနိုင်ရေး အခက်အခဲ ဖြစ်ပေါ် နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 8, 2020

အခြေခံလူတန်းစား မိသားစုဝင်များ၏ ကလေးငယ်များအား ကျောင်း ပြန်ထားနိုင်ရေး အခက်အခဲ ဖြစ်ပေါ် နေ

ဗျတ္တ
.
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ် ဝှမ်းတွင် ဖြစ်ပွားနေသည့် COVID- 19 ကပ်ရောဂါ ကူးစက်မှုကြောင့် အ လုပ်အကိုင်များ ရပ်နားထားရခြင်း ကြောင့် အခြေခံလူတန်းစား ကျောင်း သားမိဘများ အနေဖြင့် ပုံမှန်ဝင်ငွေ ရ ရှိရန် အခက်အခဲ ဖြစ်ပေါ်နေသည့်အ တွက် ကျောင်းများ ပြန်လည်ဖွင့်လှစ် ချိန်တွင် ကလေးငယ်များအား ကျောင်းပြန်ထားနိုင်ရေး အခက်အခဲ များ ဖြစ်ပေါ်နေသည်ဟု သိရသည်။
.

.
ကျောင်းတွေ ပြန်ဖွင့်တော့မယ် လို့ ကြားတယ်။ ကျွန်တော်တို့ အလုပ် အကိုင်တွေ အဆင်မပြေတော့ က လေးကို ကျောင်းပြန်ထားဖို့ အဆင်မ ပြေတော့ဘူး ထင်တယ်။ အခုလည်း တစ်ရက်လုပ်လိုက် တစ်ရက်နား လိုက်နဲ့ မိသားစုလိုက် ပန်းရံ လိုက် လုပ်နေရတာပါ။ အရင်တုန်းကတော့ ငါးရက် တစ်ဈေး နေ့စားနဲ့ လုပ်တာ ပါ။ အခုက ရက်ပြည့် မလုပ်ရတော့ ပုံမှန ဝင်ငွေလည်း မရှိဘူး။ ကလေး တွေကို ကျောင်း ပြန်ထားဖို့ တောင် မလွယ်တော့ပါဘူး”ဟု တောင်ကြီး မြို့၊ ကျောင်းကြီးစုရပ်ကွက်နေ အ ခြေခံ လူတန်းစား ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
.
ပညာရေးဝန်ကြီး ဌာန၏ ထုတ် ပြန်ကြေညာချက်များအရ အခြေခံပ ညာ အထက်တန်းအဆင့်များကို ဇူ လိုင်လ ၂၁ ရက်တွင် စတင်ဖွင့်လှစ် သွားမည် ဖြစ်ပြီး အလယ်တန်း အ ဆင့်နှင့် မူလတန်းအဆင့်များကို အ ချိန်အပိုင်းအခြားအလိုက် ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
ထိုကဲ့သို့ အစိုးရအနေဖြင့် အ ခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့် လှစ်ရန် စီစဉ်နေသော်လည်း အခြေ ခံလူတန်းစား ပြည်သူများ အနေဖြင့် ငွေကြေး အကြပ်အတည်းများကြောင့် ကလေးများအား ကျောင်းပြန်ထား နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေရ ခြင်းဖြစ်ကြောင်း သိရသည်။
.
လာမယ့် ကျောင်းဖွင့်ချိန် ကျောင်း ပြန်ထားဖို့တောင် မလွယ် တော့ဘူး ထင်တယ်။ အလုပ်အကိုင် တွေ အဆင်မပြေတော့ သူတို့မိဘ တွေက လုပ်ငန်းခွင်တွေထဲမှာ ထည့် လိုက်ကြပြီ။ တစ်ရက်ကို ၅၀၀၀/ ၆၀၀၀ လောက်နဲ့ ကလေးတွေ အလုပ် ဝင်နေရတယ်။ အစိုးရအနေနဲ့လည်း ရေရှည်ထောက်ပံ့ပေးနိုင်ဖို့ မဖြစ်နိုင် ဘူးလို့ ထင်တယ်။ အခြေခံ လူတန်းစား  ပြည်သူတွေရဲ့ ကလေးငယ်တွေ အ တွက် အစိုးရအနေနဲ့ စဉ်းစားပေး သင့်တယ်လို့ ထင်ပါတယ်”ဟု ကျောင်းသား မိဘတစ်ဦးကလည်း ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံတွင် အခြေခံပညာ အဆင့်များ အတွက် အခမဲ့ပညာရေး စနစ်ဟု ဆိုသော်လည်း အထွေထွေ ကုန်ကျစရိတ် ရှိနေခြင်း၊ ကျူရှင်ကုန် ကျစရိတ်များ ရှိခြင်းကြောင့် အခြေ ခံ လူတန်းစားမိသားစုများ၏ သား သမီးများအနေဖြင့် ကျောင်းဖွင့်ချိန် တွင် ကျောင်း ပြန်တက်ရန် အခက်အ ခဲ များစွာ ဖြစ်ပေါ်နေကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About