တောင်ကြီးတွင် လျှပ်စစ်မီတာဘောက်များ ချထားပေးရာ၌ ညီမျှမှု မရှိဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 8, 2020

တောင်ကြီးတွင် လျှပ်စစ်မီတာဘောက်များ ချထားပေးရာ၌ ညီမျှမှု မရှိဟု ဆို

မယ်စု
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၊ ကံကြီးရပ်ကွက်အတွင်း လျှပ်စစ် မီတာဘောက်များ ချထားပေးရာ ၌ ညီမျှမှု မရှိကြောင်း ဒေသခံများက ဝေဖန်ပြောဆိုလျက် ရှိသည်။
.

.
လျှောက်ထားတာ ၆ လ၊ ၇ လ လောက်ရှိပြီ။ အဲဒါကို မီတာဘောက် မရလို့ ပြဿနာ မဟုတ်သေးဘူး။ အ ခု မီတာဘောက်တွေ ကျလာတော့ အ ရင်ဆုံး လျှောက်တဲ့သူတွေကမရဘူး။ တချို့အိမ်တွေက ဆောက်လို့တောင် မပြီးသေးဘူး။ လာချသွားတယ်။ ကျွန် တော်တို့က လျှောက်ထားတာလည်း ကြာပြီ။ အိမ်လည်း ဆောက်ပြီးတာ ကြာနေပြီ။ အခုထိ မရသေးဘူး။ အဲ ဒါကို သိစေချင်တယ်” ဟု တောင်ကြီး မြို့၊ ကံကြီးရပ်ကွက်နေမီတာဘောက် လျှောက်ထားသူ တစ်ဦးက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
၎င်းအနေဖြင့် မြန်မာ့လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ တောင်ကြီးမြို့နယ် အင်ဂျင်နီယာမှူး ရုံးသို့ မီတာဘောက် ကျသင့်ငွေ ကျပ် ၁၆၀၀၀၀ ကို ပေးသွင်းပြီး ဖြစ်ကြောင်း နှင့် လျှပ်စစ်ရုံးသို့ သွားရောက်မေး မြန်းရာတွင်လည်း ပြေလည်စွာ ပြန် လည်ဖြေကြားပေးခြင်း မရှိကြောင်း ဆက်လက် ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးခရိုင် လျှပ်စစ်အင်ဂျင်နီ ယာမှူး ဦးသိန်းဝင်းအား ကမ္ဘောဇ တိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် “COVID-19 ကာလနဲ့မို့ မီတာတွေ ခဏစောင့်ရတာရှိတယ်။ လျှောက်တဲ့ သူတွေကို အစဉ်လိုက် တပ်ပေးနေ တယ်။ အခုနောက်ပိုင်း တော်တော် များများ လုံလုံလောက်လောက်ဝယ် လို့ရနေပါပြီ။ COVID-19 ကြောင့် ကြန့်ကြာသွားတာ ဖြစ်မှာပါ။ မရ သေးတဲ့ သူတွေအနေနဲ့ လျှောက်လွှာ နံပါတ်လေးနဲ့ လျှပ်စစ်ရုံးမှာ လာ ပြောစေချင်ပါတယ်”ဟု ပြန်လည်ဖြေ ကြားခဲ့သည်။
.
မြန်မာ့လျှပ်စစ်ဓါတ်အား ဖြန့် ဖြူးရေး လုပ်ငန်းမှ အိမ်သုံးမီတာ အမျိုးအစားများအား ကျေးလက်နှင့် မြို့ ပြအလိုက် မီတာ တစ်လုံးလျှင် ငွေ ကျပ် ၄၅၀၀၀၊ ၇၅၀၀၀ မှ ၂၅၀၀၀၀ အထိ သတ်မှတ်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats