ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ထုတ်ပြန်ထားသည့်
ညမထွက်ရအမိန့်အား ယနေ့ ဇူလိုင် လ ၁၅ ရက်မှ စတင်၍ ၂ လ ထပ်မံ သက်တမ်းတိုးမြှင့်ထားသည်ဟု
သိရသည်။
.
.
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေး အတွက် အရေးပေါ်ကိစ္စ
ပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်မှအပ နေ့စဉ် ည ၁၂ နာရီမှ နောက် တစ်နေ့ နံနက် ၄
နာရီ အထိ ညမထွက်ရန် တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့် အမှတ်
(၃/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ယင်းအမိန့်မှာ
ဇူလိုင် လ ၁၄ ရက်တွင် သတ်မှတ်ကာလ ပြည့်မြောက်ပြီးဖြစ်၍ ဇူလိုင်လ ၁၅ ရက်တွင် သက်တမ်း
၂ လ တိုးမြှင့် ခြင်း ဖြစ်ကြောင်း သိရသည်။
“တကယ် လိုအပ်လို့ ထုတ်တယ်ဆိုရင်တော့ ထုတ်လို့ရတာပေါ့။ ည ၁၂ နာရီကျော်မှာလည်း
သွားလာနေတဲ့ သူတွေ ရှိနေတာပဲ။ ရောဂါရဲ့ အနေအထားအရ ၁၂ နာရီနောက်ပိုင်း သွားလာတဲ့သူတွေနဲ့
ဘာဆိုင်သလဲ ဆိုတာကတော့ ပြန် စဉ်းစားရမှာပေါ့။ ဘာမှတော့ မဆိုင်ဘူးလို့ ထင်တာပဲ” ဟု တောင်ကြီးဒေသခံတစ်ဦးက
၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ထို့အပြင် ယင်းအမိန့်သည် အများပြည်သူ အကျိုးစီးပွား အလို့ငှာ
ထုတ်ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန် ပျက်ကွက်ပါက အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက
ထုတ်ပြန်ကြေညာ ထားသည်။
.
No comments:
Post a Comment