မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော်
တောင် ကြီးမြို့ပေါ်တွင် အမှိုက်သိမ်းဆည်း ရေးလုပ်ငန်း ဆောင်ရွက်နေမှု စနစ် နှင့် ပတ်သက်၍
ဒေသခံများမှ ကျေ နပ်မှု မရှိဘဲ ဝေဖန် ပြောဆိုမှုများ ရှိ နေကြောင်း သိရသည်။
.
.
“အမှိုက် သိမ်းဆည်းတဲ့
စနစ်ကို စလုပ်လုပ်ချင်းတုန်းကတော့ ဟုတ်မ လိုလိုနဲ့ အခုဆို အမှိုက်သိမ်းတဲ့ ထွေ လာဂျီ
က တစ်လမှာ ၂ ခေါက်ပဲ လာ တယ်။ တစ်ခါတလေဆို ထွေလာဂျီ ပေါ် အမှိုက်တွေ ပြည့်သွားပြီ ဆိုပြီး
ပေးမပစ်ဘဲ ပြန်သွားတယ်။ နောက် တစ်ခေါက် ပြန်မလာဘူး။ အမှိုက်ကန် တွေအထိ သွားပစ်ရတယ်။
ဘယ်နား ပစ်ပစ် အမှိုက်ခွန်ကတော့ တစ်လ တစ်ခါ ပုံမှန် လာကောက်တယ်”ဟု တောင်ကြီးမြို့ ဒေသခံ
ကိုမင်းသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်းကဲ့သို့
အမှိုက်သိမ်းဆည်း မှုလုပ်ငန်းနှင့် ပတ်သက်၍ ကျေနပ် မှု မရှိသဖြင့် သက်ဆိုင်ရာဌာနနှင့်
အ မှိုက် သိမ်းကုမ္ပဏီထံသို့ သွားရောက် ညှိနှိုင်း ဆောင်ရွက်ခဲ့သော်လည်း တာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးမှု
မရှိကြောင်း ၎င်းက ဆက်လက် ပြော ဆိုခဲ့သည်။
.
‘“သူတို့ စလုပ်ကတည်းက
အကျိုး အမြတ် ရှိမယ်ထင်လို့ အစိုးရဆီက လုပ်ပိုင်ခွင့်ယူထားတာပဲ။ တာဝန်ယူ မှု၊ တာဝန်ခံမှုတော့
ရှိရမှာပေါ့။ အခု မှ ဝန်ထမ်းအင်အားမရှိလို့၊ စက်ပစ္စည်း မလုံလောက်လို့ဆိုပြီး ပြောလို့မရပါ
ဘူး။ အမှိုက်ခွန်ကလည်း တစ်အိမ် နဲ့တစ်အိမ် မတူဘူး။ တချို့ဆိုရင် အမှိုက်မပစ်လည်း အမှိုက်ခွန်
ပေးရ တယ်။ အမှိုက်သိမ်းဆည်းတဲ့ လုပ်ငန်း ကအရှုံးပေါ်တယ် ဆိုရင်လည်း အစိုး ရကို ပြန်
အပ်လိုက်ပေါ့”ဟု ဒေသခံ တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ထို့အပြင် အမှိုက်သိမ်းယာဉ်များ
မှ စွန့်ပစ်အမှိုက်များအား သတ်မှတ် နေရာများသို့ သွားရောက် စွန့်ပစ်ရာ တွင် စနစ်တကျ
သိမ်းဆည်းစွန့်ပစ် ခြင်း မရှိသည့်အတွက် လမ်းမများ ပေါ်တွင် အမှိုက်ထုပ်များ၊ အမှိုက်စ
များ လွင့်စင်ကျ ကျန်ရစ်မှုများလည်း ရှိနေကာ အနံ့အသက် ဆိုးများ ထွက် ပေါ်နေရသည်ဟု ဒေသခံများထံက
သိရသည်။
.
အဆိုပါ ကိစ္စနှင့်
ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးကော်မတီဝင် ဦးဇော်ဝင်းထူးအား ကမ္ဘောဇတိုင်းမှ
ဆက်သွယ် မေးမြန်း ရာတွင် “အမှိုက်သိမ်းဆည်းတဲ့ လုပ် ငန်းကို MoU လက်မှတ် ရေးထိုးစဉ်
ကတည်းက စာချုပ်ပါ အချက်အ လက်တွေ မပြည့်စုံတဲ့အတွက် ပြီးခဲ့တဲ့ လထဲမှာ နောက်ဆုံးအကြိမ် ခေါ်ယူ သတိပေးထားပါတယ်။
သူတို့ဘက် က မဆောင်ရွက်ပေးဘူးဆိုရင် MoU ဖျက်သိမ်းဖို့ အစီအစဉ် ရှိပါတယ်။ သူတို့ အမှိုက်ခွန်ကောက်ဖို့အတွက်
စား သောက်ဆိုင်ဆိုရင် ဘယ်လောက်၊ လူနေအိမ် ဆိုရင် ဘယ်လောက် ကောက်ရမယ်ဆိုပြီး သတ်မှတ်နှုန်း
ထားလေးတွေ ချပေးထားပါတယ်” ဟု ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ်ရပ်ကွက်များ
တွင် အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး လုပ်ငန်း ဆောင်ရွက်ရန်အတွက် ပုဂ္ဂ လိက ကုမ္ပဏီတစ်ခု
ဖြစ်သော မွှေး တောင်ကြီး ကုမ္ပဏီက ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ဆောင် ရွက်နေခြင်း
ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment