ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီးတွင် ဇူလိုင်လ ၃ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်းပေါင်း
၃၄၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့ကြောင်း
သိရသည်။
.
.
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၃ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က တာ ချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနောက်ဘက်တွင်
နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် တောင်စောင်းတွင် မြေကျင်းတူးမြှုပ်နှံထား သော ဆာလာအိတ်များအတွင်းမှ
ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်
၃၄၅၀ သိန်းအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ရှိသိမ်းဆည်းရမိ
မူးယစ်ဆေးဝါးများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲ ပြောင်းပေး
ပေးအပ်ခဲ့ပြီး တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူကာ တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အလားတူ အဆိုပါ
တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီးတွင် ဇွန်လ ၂၉ ရက်က ၂၆ ဘီလီယံကျော် တန်ဖိုးရှိ
မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများကိုလည်းကောင်း၊ ဇွန်လ ၃၀ ရက်က ငွေကျပ် ၃ ဘီလီယံကျော်
တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကိုလည်းကောင်း ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment