မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇူလိုင်လ ၂၀ ရက်က
ရှမ်းရိုးမ-၃ အထူးစစ်ဆင်ရေး ဆောင်ရွက် လျက်ရှိစဉ် မူးယစ်ဆေးဝါး သယ်ဆောင်သူ ၃ ဦးကို ငွေကျပ်သိန်း
၂၉၀၀ ကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ ခဲ့ပြီး ကွင်းဆက်တစ်ဦးကို
ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၀ ရက်၊
ည ၉ နာရီ ၂၀ မိနစ်ခန့်က သတင်းအရ သက်သေ များနှင့်အတူ တာချီလိတ်မြို့၊
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာ၊
ရွာလယ်လမ်းနှင့် အုန်းခြံလမ်း ထောင့်တွင်
စောင့်ဆိုင်း နေစဉ် ကြိုတင်သတင်းရရှိထားသူ ကျာဘ (ခ) ယားပါ၊ မောင်းနှင်ပြီး
စိုင်းပွတ် (ခ) အိုက်ခွက် (ခ) လောက်အယ်နှင့် အိုက်ရီ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်အား
ရပ်တန့်စစ်ဆေးစဉ် ၎င်းတို့ ၃ ဦးမှ ယာဉ်ပေါ်မှ ထွက်ပြေးရန် ကြိုးစားသဖြင့်
ပူးပေါင်းအဖွဲ့မှ လုံးထွေးဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ယာဉ်ပေါ်တွင် စိတ်ကြွဆေးပြားပေါင်း
၁၉၄၀၀၀ ပြား၊ အလေးချိန် ၁၉ ဒသမ ၄ ကီလို၊ ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၉၀၀
ကျော်ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ
ဆက်စပ်တရားခံဖြစ်သူ တာချီလိတ်မြို့၊ ရန်အောင် မြေရပ်ကွက်၊ ပါလျှံ- ၂ နေ ဆိုင်းပေါင်း
ဆိုသူကို ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းမှ
မယ(ပ) ၉၅/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment