ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင်
ဇူလိုင်လ ၁၆ ရက်၊ ညပိုင်းက စိတ်ကြွ ရူးသွပ် ဆေးပြား ၆၀၀၀ အား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၆ ရက်၊
ည ၇ နာရီခွဲအချိန်က မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊
ဝိန်းကျောက်ရပ်ကွက်သို့ရောက်ရှိလာသူ တာချီလိတ် မြို့၊ ရန်အောင်မြေ ရပ်ကွက်နေ
ငြိမ်းချမ်း(ခ)သားငယ် အား စစ်ဆေးရှာဖွေရာ ၎င်းယူဆောင်လာသော အနက်ရောင်အိတ်အတွင်း မှ
ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ပြား၊ ဒေသကာလပေါက်စျေး
တန်ဖိုးငွေကျပ် ၉၀ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
သယ်ဆောင်လာသူ ငြိမ်းချမ်းအောင် (ခ) သားငယ် အား တာချီလိတ်မြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့်
အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.
No comments:
Post a Comment