တာချီလိတ်တွင် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 4, 2020

တာချီလိတ်တွင် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းမိ

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ပုံလို့သုဿာန်သွားလမ်းတွင် ဇူလိုင်လ ၃ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
.
.
တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၃ ရက်၊ ညနေ ၆ နာရီ အချိန်ခန့်က ဝမ်လုံး ကျေးရွာအုပ်စု၊ ပုံလို့ သုဿာန်သွားလမ်းပေါ်တွင် အားခေါင် (၂၅ နှစ်) စီးနင်းမောင်းနှင်လာသော မော်တော် ဆိုင်ကယ်နှင့် ပါးလို့ (၁၉ နှစ်) စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် တို့အား ရပ်တန့်စစ်ဆေး ရှာဖွေ ရာ ပါးလို့ မောင်းနှင်လာသည့် ဆိုင်ကယ် ခွကြားတွင် အမည်းရောင်အိတ်၊ အဝါရောင်ကြွပ်ကြွပ်အိတ်၊ မိုင်းကိုင် စက္ကူများဖြင့် ထုပ်ပိုးထားသည့် အပြာရောင်ကပ်ခွာအိပ် ၁ အိပ်လျှင် WY စာတမ်းပါ လိမ္မောရောင် စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုပ်စည်း၊ ၁၀ စီး၊ စုစုပေါင်း ‌မူးယစ်ဆေး ၂၀၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ခန့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ပါးလို့နှင့် အားခေါင်တို့ ၂ ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈၀/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats