တာချီလိတ်တွင် တစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးဝါး ၂ မှု ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 23, 2020

တာချီလိတ်တွင် တစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးဝါး ၂ မှု ဖမ်းမိ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်မိုင်ရွာနှင့် ပါဆပ်ရပ်ကွက်၊ ခရေလမ်းရှိ တည်းခိုခန်းတစ်ခု တို့ တွင် ဇူလိုင်လ ၂၂ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၂ မှုဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၂ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က သက်သေများ နှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာ၊ စံလင်းဖြိုးအိမ်ရာအနီးတွင် စံလင်းဖြိုးအိမ်ရာ ဘက်မှ မြို့ပတ်လမ်း ဘက်သို့ လမ်းလျှောက်လာသူ နန္ဒ အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ထွက်ပြေးရန် ကြိုး စားသဖြင့် လုံးထွေးဖမ်းဆီးခဲ့ပြီး စစ်ဆေးရာ ၎င်းထံမှ WY စိတ်ကြွဆေးပြား ၄၀၀၀၊ အလေးချိန် ၄၀၀ ဂရမ် ခန့်၊ ဒေသတန်ဖိုးငွေကျပ်သိန်း ၆၀ ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ ည ၈ နာရီခန့်တွင် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ ခရေလမ်းရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသည့် စိုင်းအွန်ကျောက်၏ အခန်းအား ဝင်ရောက် ရှာဖွေရာ ၎င်းအခန်း အတွင်း WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၊ အလေးချိန် ၉၀၀ ဂရမ်ခန့်၊ ဒေသတန်ဖိုးငွေကျပ် သိန်း ၁၅၀ ခန့် အားရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ နန္ဒ အား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၉၆/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း၊ စိုင်းအွန်ကျောက် အား မယ(ပ)၉၇/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About