တာလေတွင် အောင်ဆန်းသူရိယ ဆွတ်(က်)ဗဟာဒူးရိုင်း၏ အမှတ်တရ ပန်းခြံ တည်ဆောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 23, 2020

တာလေတွင် အောင်ဆန်းသူရိယ ဆွတ်(က်)ဗဟာဒူးရိုင်း၏ အမှတ်တရ ပန်းခြံ တည်ဆောက်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် ၊ တာလေမြို့၊ ပန်ချီ ဟက် ကျေးရွာတွင် တရုတ်ဖြူနယ်ချဲ့ စစ်ဆင်ရေး ကာလက ကျဆုံးခဲ့ပြီး တပ်မတော်၏ အမြင့်ဆုံး သူရသတ္တိ ဘွဲ့ဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့ ကို ရရှိခဲ့သည့် ဆွတ်(က်)ဗဟာဒူးရိုင်း ၏ အမှတ်တရ ပန်းခြံကို တည် ဆောက်လျက်ရှိကြောင်း အဆိုပါပန်း ခြံ ဖြစ်မြောက်ရေးအတွက် လုပ် ဆောင်နေသည့်တာချီလိတ်မြို့ ဂေါ်ရ ခါး လူမှုကူညီရေးအသင်းမှသိရသည်။
.

.
“လွန်န်ခဲ့တဲ့ ၄ နှစ် လောက်က တည်းက ဂဲနစ်ဖုန်းဆိုင်က ကိုချိုလေး က ဒီပန်းခြံ ဖြစ်မြောက်ရေး ကြိုးပမ်း နေတာပါ။ တိုင်းမှူးကလည်း ပန်းခြံအတွက် နေပြည်တော်စစ်သမိုင်းပြတိုက်မှာရှိတဲ့ ရုပ်တုအတိုင်း မန္တလေး မှာ ထုဆစ်ဖို့ မှာပေးနေပါတယ်။ သူ ကျဆုံးခဲ့တဲ့ ပန်ချီဟက်ရွာက အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ အဖိုးရဲ့ အတည် ပြုချက်နဲ့ သူကျဆုံးတဲ့ နေရာကို အ တည်ပြုပြီး မြေနေရာ ဝယ်ယူပြီး လုပ် ဆောင်တာဖြစ်ပါတယ်။ နောင်လာ နောက်သား အများ ပြည်သူများ အ တွက်လည်း စိတ် အပန်းဖြေစရာနဲ့ အမှတ်တရဖြစ်စရာ ပန်းခြံ ဖြစ်ဖို့ရည် ရွယ်ပါတယ်”ဟု တာချီလိတ် ဂေါ်ရ ခါး လူမှု ကူညီရေး အသင်းမှ ဆရာမ ကြီး ဒေါ်ဘီရှနူး မာယာက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အောင်ဆန်းသူရိယ ဆွတ်(က်)ဗဟာ ဒူးရိုင်းသည် ၁၉၃၁ ခုနှစ်တွင် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ကွတ်ချို ကျေးရွာတွင် မွေးဖွားခဲ့ပြီး တပ်မတော် ခလရ(၄)တွင်တပ်သား အဆင့်ဖြင့် တာဝန် ထမ်းဆောင်စဉ် ၁၉၅ဝ ခုနှစ်၊ ဇွန်လ ၆ ရက်နှင့် ၁၀ ရက်များတွင် တာလေမှ ပန်ခီဟက် (ပန်ချီဟက်) ရွာသို့ ရိက္ခာယာဉ်တန်း ဖြင့် ချီတက်စဉ် တရုတ်ဖြူ အင်အား များစွာမှ  ဝိုင်းဝန်း ပစ်ခတ်နေသည့် ကြားမှ ရန်သူ ၁၀၀ ကျော်ကို ကျဆုံး အောင်ဘရင်းဂန်း တစ်လက်ဖြင့် ရွပ် ရွပ်ချွံချွံ တိုက်ခိုက် နိုင်ခဲ့သဖြင့်အောင် ဆန်းသူရိယဘွဲ့ကို ချီးမြင့်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
တာချီလိတ်မြို့နယ် စာရေးဆ ရာအသင်းဥက္ကဌဖြစ်သူ ဒုရဲမှူးစံသိန်း (ငြိမ်း)က “သူတို့ အကူအညီ တောင်း လို့ ပန်းခြံလုပ်မယ့်နေရာကို စည် ပင်အရာရှိ အငြိမ်းစား ဦးတင်ထွန်း အောင်နဲ့အတူ သွားရောက် ကြည့်ရှု ကူညီခဲ့ပါတယ်။ နေရာအနေ အထား နဲ့ ကုန်ကျစရိတ် စတာတွေကို ခန့် မှန်း တွက်ချက်နိုင်ဖို့ပါ။ ကကကြည်း ရဲ့ မှတ်တမ်းအတိုင်း ဆွတ်(က်)ဗဟာ ဒူးရိုင်းရဲ့ မှတ်တမ်း တွေကို သက်ရှိ ထင်ရှားရှိဆဲ လွိုင်လင်က အသက် (၇၀)ကျော် ညီမတွေရဲ့ သဘောတူညီ ချက်အတိုင်း တာလေက သူကျဆုံး ခဲတဲ့ ပန်ချီဟက်ရွာမှာ ဆောက်ဖို့ လုပ် ဆောင်ကြတာပါ”ဟု ပြောသည်။
.
အောင်ဆန်းသူရိယ ဆွတ်(က်) ဗဟာဒူးရိုင်း၏ ညီမရင်းဖြစ်သူ ဒေါ်ဘီ နူးမာယာနှင့် ဒေါ်အိုက်ပီမာယာတို့ ၂ ဦးမှ ပန်းခြံအတွက် လိုအပ်သည်များ ကူညီနေပြီး တာချီလိတ်ခရိုင် အုပ် ချုပ်ရေးမှူးနှင့် စစ်ဗျူဟာမှူးတို့ မှ သတင်းမေးမြန်း ကူညီပေးလျက်ရှိ ကြောင်း သိရသည်။
.
တည်ဆောက်မည့် အောင်ဆန်း သူရိယ ဆွတ်(က်)ဗဟာဒူးရိုင်း၏ အမှတ်တရ ပန်းခြံမှာ တာချီလိတ်မှ တာလေ သွားလမ်း မိုင်တိုင်အမှတ် ၇၅၃ ကီလိုတွင် ရှိပြီး ကျိုင်းတုံမှ ၇၉ မိုင်ခန့်ကွာဝေးကာ ပန်းခြံဧရိယာမှာ ရှေ့ ၁၂၀ ပေနှင့် နောက်အကျယ် ၁၅၀ ပေခန့် လက်ရှိ ရှိနေပြီး လိုအပ်ပါက ထပ်မံ ဝယ်ယူရရှိသည့်အပေါ် တိုးချဲ့ သွားမည်ဖြစ်ကာ အများပြည်သူ လေ့ လာစရာနှင့် အပန်းဖြေစရာ ပန်းခြံ အဖြစ် ရည်ရွယ် တည်ဆောက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About