ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊
ဝမ်လုံးကျေးရွာအုပ်စု၊ ခမရ (၃၃၁) တပ်အနီးရှိ စစ်မှုထမ်းဟောင်း အဖွဲ့နှင့်
ဒေသခံများအကြား မြေယာ အငြင်းပွားမှုနှင့် ပတ်သက်၍ ဥပဒေ အရာရှိက ၂၀၁၀ ပြည့်နှစ်၊
ပြည် ထောင်စု ရှေ့နေချုပ် ဥပဒေပုဒ်မ (၃၆-ဈ)နှင့် တရားစီရင်ထုံးများကို မျက်ကွယ်
ပြု ၍ ဥပဒေ အကြံပြုခဲ့ သည်ဟု ဆိုကာ နစ်နာသူများက မီဒီယာများနှင့် တွေ့ ဆုံ
ရှင်းလင်းပွဲအား ဇူလိုင်လ ၁၅ ရက် ၌ တာချီလိတ် မြို့တွင် ပြုလုပ်ခဲ့ သည်။
.
.
“ကျွန်တော်တို့ အရမ်း နစ်နာ တယ်ဗျ။ ဒီကိစ္စမှာ ဒေါက်တာဘွဲ့
ရ ထားတဲ့ ဥပဒေအရာရှိ တစ်ယောက် လုံးက မြေစာရင်းရုံးနဲ့ ရဲစခန်းက စိစစ်ချက်တွေ
အပေါ်မှာ သိသိကြီးနဲ့ တရား စီရင်ထုံးတွေ၊ မျက်ကွယ်ပြု တယ်၊ ရာဇဝတ်မှု ပုဒ်မတွေ
မျက်ကွယ် ပြုထားတဲ့အတွက်ကတော့ ဒါ ကျွန် တော်တို့ ပြည်သူတွေအတွက် တော် တော်
အန္တရာယ်ကြီး ပါတယ်။ ဒီကိစ္စ ကို ကျွန်တော်တို့က သမ္မတတို့၊ အမေ စုတို့၊
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့၊ ရဲချုပ်တို့ အထိလည်း ကျွန် တော်တို့က
ဆက်လက် တင်ပြသွား မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေ နဲ့ အကြိမ်ကြိမ် အခါခါ နစ်နာရပါ
တယ်။ ဥပဒေရဲ့ အကာအကွယ်ကို မရဘူးလို့ ခံစားရတယ်။ တောင်ကြီး မြို့က
ပြည်နယ်ဥပဒေချုပ်နဲ့ ပြည် ထောင်စု ရှေ့နေချုပ်တို့က ဒီကိစ္စ အ ပေါ်မှာ
အမှန်အတိုင်း ဆောင်ရွက်ပေး လိမ့်မယ်လို့ ကျွန်တော်ကတော့ ထင် ပါတယ်” ဟု သတင်းစာ
ရှင်းလင်းပွဲ ပြုလုပ်သူ ဦးသန်းနိုင်က ပြောသည်။
အဆိုပါ အငြင်းပွားမှု ဖြစ်ပေါ်နေ သည့် မြေများနှင့် ပတ်သက်၍
နစ် နာသူ ဦးသန်းနိုင်အား ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ရန် ဥပဒေ အကြံပေးခဲ့သည့်
ဥပဒေအရာရှိ ဒေါက်တာဇေယျာကို သည် တရားစီရင်ထုံးများနှင့် ရာဇ ဝတ်မှု ပုဒ်မများအား
မျက်ကွယ်ပြု ၍ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ယင်းကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြု
လုပ်၍ မီဒီယာများက တစ်ဆင့် ရှမ်း ပြည်နယ် ဥပဒေချုပ် အပါအဝင် နိုင်ငံ တော်
အကြီးအကဲများနှင့် ရှမ်းပြည် နယ်အစိုးရ အကြီးအကဲများ သိစေ ရန် ဆောင်ရွက်ခြင်း
ဖြစ်ကြောင်း သိ ရသည်။
.
ထို့အတူ မဖြူဖြူခိုင်မှလည်း သ တင်းစာ ရှင်းလင်းပွဲ၌
“ကျွန်မတို့ စစ် မှုထမ်းဟောင်း ရုံးချုပ် ရောက်တဲ့ အ ချိန်မှာ ဗိုလ်မှူးချုပ်
မြင့်ဟိန်းနဲ့တွေ့ တဲ့ အချိန်မှာ ဒီကိစ္စနဲ့ ပတ်သက် ပြီး တော့ သူတို့ရုံးချုပ်မှ
ဘာတစ်ခုမှ မသိဘူးလို့ ပြောတယ်။ ရုံးချုပ်က တောင် မသိဘူးလို့ ပြောတဲ့အတွက်
ရုံးချုပ်ကနေ ပြန်လာခဲ့တာပါ။ နောက် ပြီး အငြင်းပွားမြေနဲ့ပတ်သက်ပြီး
တာချီလိတ်မြို့နယ် ဥပဒေအရာရှိ ဒေါက်တာဇေယျာကိုကို ဒီမြေပုံတွေ က အမျိုးမျိုး
ကွဲလွဲနေတဲ့အတွက် သေချာ စိစစ်ပေးပါ လို့ အကြိမ်ကြိမ် တင်ပြခဲ့တယ်။ အခု နောက်ဆုံး
ဥပ ဒေ အကြံပေးမှာကျတော့ ဒီမြေပုံ ၅ မျိုးကွဲ လွဲနေတာကို တစ်ခုမှ မသုံး သပ်ဘဲနဲ့
၄၂၀ နဲ့ တရားစွဲဆိုခဲ့ပါ တယ်”ဟု ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်မှုနှင့် ပတ်သက်၍
ဒေါက်တာ ဇေယျာကိုအား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် ဖုန်းကိုင်
ဖြေကြားခဲ့ခြင်း မရှိချေ။
.
အဆိုပါ မြေယာအငြင်းပွားမှု အခြေအနေအား မေးမြန်းရာတွင်
“စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဦးဝင်း နိုင်နဲ့ အတွင်းရေးမှူး ဦးခင်မောင်
မြင့်တို့နဲ့ ကျွန်တော်တို့ ဒီဘက်က တ ကယ် စိုက်ပျိုးနေတဲ့ တောင်သူတွေ နဲ့ဖြစ်တာ။
ဖြစ်တော့လည်း ဒီမြေ လွတ်မြေရိုင်းနဲ့ ရထားတယ်လို့ အုပ် ချုပ်ရေးမှူး
ဦးချမ်းမြေ့စောက လာ ပြောကာမှ ဒီမြေပုံ သူတို့ ရထားတယ် ဆိုတာ ကျွန်တော်တို့ ၂၀၁၉ ၊
၆ လ ပိုင်းမှ သိရတာ။ အစောပိုင်းကာလ က ဘာမှ မသိရဘူး။ မြေလွတ်မြေ လပ်မြေရိုင်းရဲ့
ဥပဒေနဲ့ မညီဘူး။ တာချီလိတ် မြို့လယ်ခေါင်ဖြစ်တယ်။ နောက် မြေပုံကလည်း ဒါဥပဒေနဲ့
မညီဘူး လုံးဝကို မညီဘူး။ ဒီမြေပုံ အတိုင်း သူတို့ ယူမယ် ဆိုရင်တောင် မှ လွတ်နေတဲ့
မြေက အမှန်တကယ် ရှိတယ်။ ကျွန်တော်တို့က ဒါကို အ စဉ်တစိုက် မြို့နယ် ထွေအုပ်ရော၊
ခရိုင်ရော၊ မြေစာရင်း ဦးစီးတွေရော ကျွန်တော်တို့က တင်ပြခဲ့တယ်။ ပြီး ခဲ့တဲ့ရက်
ကျွန်တော်တို့ မြို့နယ် ထွေ အုပ်ရုံးကို ရောက်ခဲ့တဲ့ အချိန်မှာ တာ ချီလိတ်မြို့နယ်
အုပ်ချုပ်ရေးမှူး ဦး ချမ်းမြေ့စောက သတ်မှတ်ကာလ ၄ နှစ် ကျော်သွားပြီ ဖြစ်တဲ့အတွက်
မြေလွတ်မြေလပ် ဥပဒေပုဒ်မ (၂၃) (ဂ)အရ နိုင်ငံတော်ကအလိုအလျောက် သိမ်းယူရလို့
မှတ်ယူရမယ် ဆိုတာ လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောခဲ့ပြီး ဖြစ်ပါတယ်”ဟု
ပြောဆိုခဲ့ သည်။
.
တာချီလိတ်မြို့နယ် စစ်မှုထမ်း ဟောင်းအဖွဲ့ ဥက္ကဌ
ဦးဝင်းနိုင်အား ဆက်သွယ် မေးမြန်းရာတွင် တရား ဥပဒေအရသာ ဆက်လက်ရင်ဆိုင် ဖြေရှင်းရန်
ဆောင်ရွက်နေလျက်ရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍ သက် ဆိုင်ရာသို့ ဖြေရှင်း
ထွက်ဆိုနေလျက်ရှိပြီး သီးခြား ပြောဆိုရန် မရှိကြောင်း ပြော ဆိုခဲ့သည်။
.
ယင်း မြေယာ အငြင်းပွားမှုနှင့် ပတ်သက်၍ အပြန်အလှန် တရားစွဲ
ဆိုမှုများ ပြုလုပ်ထားပြီး သက်ဆိုင် ရာဌာနများက နှစ်ဘက်တာဝန် ရှိသူ များအား
စစ်ဆေးမှုများ ပြုလုပ်နေ လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment