မြန်မာ-လာအိုချစ်ကြည်ရေးတံတားအနီးတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ တစ်ဦးကို ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

Saturday, July 18, 2020

မြန်မာ-လာအိုချစ်ကြည်ရေးတံတားအနီးတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ တစ်ဦးကို ဖမ်းဆီးရမိ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ ဝမ်ကျင်းရပ်ကွက် မြန်မာ-လာအို ချစ်ကြည်ရေး တံတား သွားကားလမ်း၊ စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့ ဇူလိုင်လ ၁၈ ရက်၊ နံနက်ပိုင်းက စိတ်ကြွ ရူးသွပ်ဆေးဝါးများ သယ်ဆောင်လာသူအမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
ကျိုင်းလပ်နယ်မြေရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့ ဇူလိုင်လ ၁၈ ရက်၊ နံနက် ၃ နာရီခန့်က သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ကျိုင်းလပ်မြို့၊ ဝမ်ကျင်းရပ်ကွက် မြန်မာ-လာအို ချစ်ကြည်ရေးတံတားသွားကားလမ်း၊ စစ်ဆေးရေးဂိတ်အနီး ကျခမ်းဆောင်ရွာဘက်မှ ကျိုင်းလပ်ဘက်သို့ မောင်းနှင်လာသည့် အီတန်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်မောင်း အိုက်ကျိုင်း လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇၈ ပြား၊ အလေးချိန် ၇ ဒသမ၈ ဂရမ်ခန့်၊ စိတ်ကြွဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ခဲစက္ကူပြား တစ်ပြားနှင့် ထိုင်း ဘတ်ငွေ ၁၁၀၀ တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အိုက်ကျိုင်းအား ကျိုင်းလပ်နယ်မြေရဲစခန်းက မယ(ပ) ၃/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats