ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇူလိုင်လ ၁၉ ရက်က
စိတ်ကြွရူးသွပ်ဆေးပြား ၉၈၀၀ နှင့် ICE မူးယစ် ဆေးဝါးများအား ကွင်းဆက်အရ ဆက်တိုက်ဖမ်းမိခဲ့ကြောင်း
သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၉ ရက်၊ နေ့လယ် ၁ နာရီခွဲ အချိန်က သတင်းအရ
သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက် တွင် လမ်းလျှောက်လာသူ
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်နေ ဇော်မိုး အား စစ်ဆေးရှာဖွေရာ ၎င်းလွယ် ထားသော
လွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀
ပြား၊ ဒေသ ကာလပေါက်စျေး တန်ဖိုးငွေကျပ် ၆၀ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ၎င်း၏ ထွက်ဆိုချက်အရ ယင်းစိတ်ကြွရူးသွပ်ဆေးပြားများအား
တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူ တာချီလိတ်မြို့၊
ဆန်ဆိုင်း(ခ)ရပ်ကွက်နေ စမော(ခ) သက်ဟိန်းစိုးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်၍
ယင်းနေ့ ညနေ ၅ နာရီခွဲခန့်တွင် အချိန်တွင် ပူးပေါင်းအဖွဲ့မှ အဆိုပါဟိုတယ်၊ အခန်း အား
ဝင်ရောက် ရှာဖွေရာ အခန်းအတွင်း စမော(ခ)သက်ဟိန်းစိုး အားတွေ့ရှိပြီး ၎င်းထံမှ
ပလတ်စတစ်ကပ်ခွာအိတ် များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀ ပြား၊ ဒေသကာလပေါက်စျေး
တန်ဖိုးငွေကျပ် ၈၇ သိန်း၊ ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် ICE အလေးချိန် ၁၂ ဂရမ်၊
ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၂၄၀၀၀၀ နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့်
ဆက်စပ်ပစ္စည်းများအား ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့်
အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment