တာချီလိတ်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ ပေါက်ကွဲမီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 27, 2020

တာချီလိတ်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ ပေါက်ကွဲမီးလောင်မှုဖြစ်ပွား

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုရမ်း (၁) ရွာရှိ နေအိမ်တစ်လုံးတွင် ဇူလိုင်လ ၂၆ ရက်၊ ညပိုင်းက ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုရမ်း (၁) ရွာရှိ ဦးစိုင်းအိုက်၏ RC ၂ ထပ်၊ အုတ်ကြွပ်မိုး၊ အုတ်ကြွပ်ကာ၊ ပျဉ်ခင်း နေအိမ် အပေါ်ထပ် ဝန်ထမ်းအိပ်ခန်း မွေ့ရာပေါ်တွင် ဇူလိုင်လ ၂၆ ရက်၊ ည ၉ နာရီ ၄၅ မိနစ်ခန့်က ဖုန်းအား သွင်းထားရာမှ အပူချိန် လွန်ကဲ၍ ပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်ခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ် ခဲ့ရာ ည ၁၀ နာရီ၊ ၁၀ မိနစ်ခန့်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် ဦးစိုင်းအိုက်၏ အုတ်ကြွပ်မိုး၊ အုတ်ကြွပ်ကာ ပျဉ်ခင်း ၂ ထပ်အဆောက်အဦ တစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၂၅၂၀၀၀၀ ကျပ် ရှိခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုနှင့် ပတ်သက်၍ ဦးစိုင်းအိုက်အား တာချီလိတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About