တာချီလိတ်တွင် သွေးလွန်တုပ်ကွေးကြောင့် သံဃာ ၂ ပါးနှင့် ကလေးငယ်တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 12, 2020

တာချီလိတ်တွင် သွေးလွန်တုပ်ကွေးကြောင့် သံဃာ ၂ ပါးနှင့် ကလေးငယ်တစ်ဦး သေဆုံး

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူပြီး အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
.


.
“ပြည်သူတွေနဲ့ပူးပေါင်းပြီး လုပ်ငန်းတွေ အရှိန်အဟုန်မြင့် ဆောင်ရွက်သွားဖို့ စီမံထားပါတယ်။ လာမယ့် စနေနေ့တိုင်း သွေးလွန်တုတ်ကွေး ရောဂါ တားဆီးကာကွယ်ရေးလှုပ်ရှားမှု အနေနဲ့သတ်မှတ်ပြီး မြို့ပေါ် ရပ်ကွက် များမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင်သွားဖို့ ရှိပါ့မယ်” ဟု တာချီလိတ်ခရိုင် အုပ်ချုပ် ရေးမှူး ဦးမြင့်နိုင်က ပြောဆိုခဲ့သည်။
.
အဆိုပါလုပ်ငန်းစဉ်တွင် တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ဆေးရုံအုပ်ကြီးတို့ ဦးဆောင်သည့် ဌာနဆိုင်ရာ၊ ကြက်ခြေနီ၊ လူမှုရေးအသင်းများပါဝင်ပြီး ရပ်ကွက်ပြည်သူများနှင့် ပူးပေါင်းကာ ခြင်ဆေး ဖြန်းစက် ၅ လုံး ကို တစ်ပြိုင်တည်း အသုံးပြု၍ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခတ်ခြင်းများ၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရန် ၊ ခြင်မကိုက်ခြင်းမှ ကာကွယ်ရန် တို့ကို ဆန်ဆိုင်း(ခ)၊ ဝမ်မိုင်၊ ဝိန်းကျောက်၊ မိုင်းကိုး၊ ပန်ဟတ်ဘုန်းတော်ကြီးကျောင်း၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုနှင့် လွန်းကျိုင်းရွာ တို့တွင် သွားရောက်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
.
သွေးလွန်တုတ်ကွေးရောဂါကြောင့် မေလ ၁၂ ရက်က ပန်ဟတ်ဘုန်းတော်ကြီးကျောင်းမှသံဃာတော် တစ်ပါး၊ ဇွန်လ ၂၆ ရက်က သံဃာတော် တစ်ပါးနှင့် ဇူလိုင်လ ၁၀ ရက် နံနက် ၂ နာရီအချိန်ခန့်က လွန်ကျိုင်းကျေးရွာမှ အသက် ၁၁ နှစ် အရွယ် စတုတ္ထတန်းကျောင်းသားလေး တစ်ဦး သေဆုံးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About