တာချီလိတ်တွင် သုံးဘီးဆိုင်ကယ်မောင်းသူနှင့် ဆိုင်ကယ်တက္ကစီသမားတို့ ခရီးသည်လုရာမှ ဓါးဖြင့်ထိုးမှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 18, 2020

တာချီလိတ်တွင် သုံးဘီးဆိုင်ကယ်မောင်းသူနှင့် ဆိုင်ကယ်တက္ကစီသမားတို့ ခရီးသည်လုရာမှ ဓါးဖြင့်ထိုးမှုဖြစ်ပွား

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် ဇူလိုင်လ ၁၇ ရက်၊ ညပိုင်းက သုံးဘီး ဆိုင်ကယ် မောင်းနှင်သူနှင့် ဆိုင်ကယ်တက္ကစီ မောင်းနှင်သူတို့ ခရီးသည်လုရာမှ စကားများရန်ဖြစ်ကာ ဓါးဖြင့် ထိုးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
.

.
တာချီလိတ်မြို့၊ ရပ်အောင်မြေရပ်ကွက်၊ ရွှေဘူးသီးဟိုတယ်အနီးတွင် ဇူလိုင်လ ၁၇ ရက်၊ ည ၈ နာရီခန့်က သုံးဘီး ဆိုင်ကယ်မောင်းနှင်သူ ဇော်ရှင်း (ခ) ပေါက်စီနှင့် ဆိုင်ကယ်တက္ကစီမောင်းနှင်သူ ဇေယျာမင်းထင် (ခ) ကိုလုံးတို့သည် ခရီးသည်များအား တက္ကစီဖြင့် ပို့ဆောင်ပေးရန် ခေါ်ဆောင်နေရာမှ စကားများ ရန်ဖြစ်ရာ ဇော်ရှင်းမှ အသင့်ယူဆောင် လာသော စတီးခေါက်ဓါးဖြင့် ထိုးရာဇေယျာမင်းထင်တွင် ဝဲဘက်ရင်ဘတ် ပြတ်ရှဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အဆိုပါဖြစ်စဉ်တွင် ဝင်ရောက်ဖြန်ဖြေပေးသူ တင်မောင်ဆွေအား ဇော်ရှင်းနှင့်အတူ ပါလာသူ မသဲသဲ (ခ) စန်းစန်းနွယ် က ပုလင်းဖြင့် ရိုက်ခဲ့သဖြင့် တင်မောင်ဆွေတွင် ဦးခေါင်းဒဏ်ရာ တစ်ချက် ရရှိခဲ့ ကာ ဒဏ်ရာရရှိသူ ၂ ဦးအား တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူ စေလျက်ရှိကြောင်း သိရသည်။
.
'ဓားနဲ့ထိုးသူက ပေါက်စီလည်းရောင်းတယ်။ သုံးဘီဆိုင်ကယ်လည်း ဆွဲတယ်။ အထိုးခံရသူကတော့ ဆိုင်ကယ်တက္ကစီသမားပါ။ သူပြောထားတဲ့ဟိုတယ်ကဧည့်သည်ကို ဘယ်သူသွားပို့လဲလို့ မေးတာကနေ စပြီး ဖြစ်ပွားတာပါ။ သူက အဲဒီလိုမေးပြီး တစ်ဖက်လူကို တွန်းလှဲတယ်။ နောက်ပြီး ဓားနဲ့ဆက်ထိုးတာပါ။ ဘေးက ဆွဲတဲ့သူတွေလည်း ဒဏ်ရာတွေ ရရှိသွားတယ်” ဟု အခင်းဖြစ်ရပ်အနီးတွင် ရှိနေသူ ဆိုင်ကယ်တက္ကစီသမား တစ်ဦးကပြောသည်။
.
အမှုမှ ဓားဖြင့်ထိုးသူ ဇော်ရှင်း (ခ) ပေါက်စီ နှင့် ပုလင်းဖြင့်ရိုက်သူ မသဲသဲ (ခ) စန်းစန်းနွယ်တို့ ၂ ဦးအား တာချီလိတ် မြို့မရဲစခန်းမှ (ပ)၂၇၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၃/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats