ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီးတွင် ဇွန်လ ၃၀ ရက်၊ ညနေပိုင်းက ငွေကျပ် ၃ ဘီလီယံကျော်
တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ၊ လက်နက်များ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
.
.
နယ်မြေလုံခြုံရေး
ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်က တာချီလိတ်မြို့နယ်၊
ရေပူစမ်းကျေးရွာအနီးရှိ လူမနေသည့်အဆောက်အဦဟောင်းအား ဝင်ရောက်ရှင်းလင်းရာ အဆောက်အဦ အနီး
ဝါးရုံပင်အောက်မြေကြီးအတွင်း သိုဝှက်မြုပ်နှံထားသော ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား
၁၉၆၆၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၉၄၉၀ သိန်း၊ ရေစို ပျက်စီးနေသောစိတ်ကြွရူးသွပ်ဆေးပြား
အလေးချိန် ၂၀ ကီလို၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၀၀၀ သိန်း၊ ပွိုင့်-၂၂ သေနတ် ၁
လက်နှင့် ခြောက်လုံးပြူးသေနတ် ၁ လက်အားလည်းကောင်း၊ အဆောက်အဦ အောက်မြေကြီးအတွင်းမှ မူးယစ်ဆေးဝါး
ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများအား
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှု ရေးဖွင့်ပြီး
တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။
.
No comments:
Post a Comment