တရုတ်တွင် လူသို့ ကူးစက်နိုင်သည့် ဝက်တုပ်ကွေး ဗိုင်းရပ်စ်သစ် တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 1, 2020

တရုတ်တွင် လူသို့ ကူးစက်နိုင်သည့် ဝက်တုပ်ကွေး ဗိုင်းရပ်စ်သစ် တွေ့ရှိ


မင်းဇော်မင်း
.
တရုတ်နိုင်ငံတွင် လူသို့ ကူးစက်နိုင်သည့် ဝက်တုပ်ကွေး ဗိုင်းရပ်စ် မျိုးစိတ်သစ်တစ်ခုကို သိပ္ပံပညာရှင်များက တွေ့ရှိကြောင်း နိုင်ငံတကာ သတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။
.
Photo – The Guardian
.
အဆိုပါဗိုင်းရပ်စ်အသစ်သည် မကြာသေးခင်ကမှ ပေါ်ထွက်ခဲ့ခြင်း ဖြစ်ပြီး ယင်းဗိုင်းရပ်စ်ကို ဝက်များက သယ်ဆောင် ခြင်းဖြစ်ကာ လူသို့လည်း ကူးစက်နိုင်ကြောင်း သိပ္ပံပညာရှင်များ၏ အဆိုအရ သိရသည်။
.
ယခုအခါ အဆိုပါ တုပ်ကွေးဗိုင်းရပ်စ်သစ်သည် နောက်ထပ် သန္ဓေပြောင်းလဲသွားနိုင်ပြီး လူတစ်ဦးမှ နောက်တစ်ဦးထံ အလွယ်တကူ ကူးစက်နိုင်ကာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခုအထိ ရောက်ရှိသွားမည့်အပေါ် ပညာရှင်များက စိုးရိမ်ပူပန်လျက် ရှိကြောင်း သိရသည်။
.
ယင်းဗိုင်းရပ်စ်သည် လတ်တလောပြဿနာတစ်ခု မဟုတ်သော်လည်း လူသို့ ကူးစက်နိုင်သည့် လက္ခဏာရပ်များ ရှိနေသည့်အတွက် အနီးကပ် စောင့်ကြည့်သွားရန် လိုအပ်သည်ဟု သိရသည်။
.
ထို့ပြင်  ဗိုင်းရပ်စ်အသစ်ဖြစ်သည့်အတွက် လူတို့အနေဖြင့် ယင်းဗိုင်းရပ်စ်ကို ခုခံနိုင်အား နည်းပါးခြင်း သို့မဟုတ် လုံးဝ ခုခံနိုင်ခြင်း မရှိမည်တို့လည်း ဖြစ်နိုင်ကြောင်း သိရသည်။
.
ယခုအခါ  ယင်းဗိုင်းရပ်စ်ကို ဝက်များ၌ ထိန်းချုပ်နိုင်မည့် လုပ်ဆောင်မှုနည်းလမ်းများနှင့်အတူ ဝက်မွေးမြူရေး လုပ်ငန်းများရှိ မွေးမြူရေးသမားများကို အနီးကပ်စောင့်ကြည့်ခြင်းတို့ကို မြန်မြန်ဆန်ဆန် ဖော်ဆောင်သွားသင့်ကြောင်း သိပ္ပံပညာရှင်များက ရေးသားထားသည်။
.
Ref : BBC /The Jakarta post
.

No comments:

Post a Comment

Journal Download

Photo of three cats