.
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီ အဖွဲ့ချုပ်ပါတီ
(SNLD) မှ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်
ပြိုင် အရွေးချယ်ခံသွားမည် မဟုတ် ကြောင်း ယင်းပါတီ ဗဟို အလုပ်အမှု ဆောင် ဒုတိယဥက္ကဋ္ဌ
(၂) စိုင်းခမ်းပိုင် ဖ (ခ) ဦးခင်မောင်ညွန့်ထံက သိရ သည်။
.
“ဥက္ကဋ္ဌက မဝင်ပါဘူး။ ဒုက္ကဌ(၁) ဦးစိုင်းညွန့်လွင်လည်း
ဝင်ဖို့ မရှိဘူး။ အထွေထွေ အတွင်းရေးမှူး ၃ ဦး လည်း ဝင်ဖို့ မရှိဘူး။ ကျွန်တော် က တော့
လက်ရှိ မဲဆန္ဒနယ်မှာ ပြိုင် ဖြစ်မယ်။ အခုထိတော့
အတည် မဖြစ်သေးပါဘူး။ ကိုယ်စားလှယ် လောင်း အဆိုပြုလွှာ တင်တဲ့ အပေါ် မှာ မူတည်ပြီးမှ
မဲဆန္ဒနယ်တွေ ရွေး သွားမယ်။ ဒီလ ကုန်ပိုင်းလောက် မှပဲ ဗဟိုကနေ အတည်ပြုတာ ထွက် လာမယ်။
အခုထိ ကိုယ်စားလှယ် လောင်းတွေကို ကမ်းလှမ်းတုန်းပဲ ရှိသေးတယ်”ဟု စိုင်းခမ်းပိုင်ဖ
(ခ) ဦးခင်မောင်ညွန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီ အဖွဲ့ချုပ်ပါတီ
အနေဖြင့် ရှမ်း ပြည်နယ် အတွင်းရှိ မဲဆန္ဒနယ်မြေ များအပြင် ရှမ်းပြည်နယ် ပြင်ပ ဖြစ်
သော မန္တလေးတိုင်းဒေသကြီးတွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေ ရာ၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည်
ဖြစ်ကြောင်း သိရသည်။
.
လာမည့် ရွေးကောက်ပွဲ အလွန် ကာလ အစိုးရ ဖွဲ့စည်းရာတွင်
ပြည် နယ် အဆင့်တွင် ဖြစ်စေ၊ ပြည်ထောင် စု အဆင့်တွင် ဖြစ်စေ ပြည်နယ် ဝန် ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီး နေရာများအတွက် ကမ်းလှမ်းမှုများ ရှိလာပါက ရှမ်းတိုင်းရင်းသားများ
ဒီ မိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့်လျာ ထားသူများ ရှိကြောင်းနှင့် ကမ်းလှမ်း လာမှု
အခြေအနေပေါ် မူတည်၍ လက်ခံသွားရန် ရှိနေကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ(SNLD)သည် ၂၀၁၂
ခုနှစ်၊ မတ်လ ၁၆ ရက်က ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်
လျှောက်ထားခဲ့ပြီး ယင်းနှစ်၊ ဇွန်လ ၁၂ ရက်တွင် ပါတီမှတ်ပုံတင် ခွင့်ပြ ချက်ရရှိခဲ့ကာ
ပါတီဥက္ကဋ္ဌမှာ ဦးခွန် ထွန်းဦး ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment