ကျားဖြူပါတီမှ မြို့နယ် ၃၅ ခုတွင် ကိုယ်စားလှယ်လောင်း ၁၂၀ ကျော် ပါ၀င် ယှဉ်ပြိုင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကျားဖြူပါတီမှ မြို့နယ် ၃၅ ခုတွင် ကိုယ်စားလှယ်လောင်း ၁၂၀ ကျော် ပါ၀င် ယှဉ်ပြိုင်မည်

မင်းဇော်မင်း
.
ရှမ်းတိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူပါတီ) အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၅ ခု၌ ကိုယ်စားလှယ်လောင်း ၁၂၀ ကျော် ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု သိရသည်။
.

.
ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ (ကျားဖြူပါတီ-SNDP) ၏ (၁၇) ကြိမ်မြောက် ဗဟိုအလုပ် အ မှု ဆောင်ကော်မတီ အစည်းအဝေးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်မှ ၁၇ ရက်အထိ တောင်ကြီးမြို့၊ ပြည်တော် သာရပ်ကွက်ရှိ 21 Hotel တွင် ပြုလုပ် ရာအစည်းအဝေးမှ ယင်းကဲ့သို့ ဆုံး ဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ် သည်ဟု သိရသည်။
.
ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ ၂ ယောက်၊ ဘဏ္ဍာရေးမှူးတို့က အသက်အရွယ် အရ ဝင်ရောက်ခြင်း မရှိတော့ပါဘူး။ ရှမ်း ပြည်နယ်နဲ့ တခြားနေရာတွေမှာ ဝင်ပြိုင်မယ်။ ရှမ်းပြည်နယ် အစိုးရ ဖြစ်ဖို့ မှန်းထားပါတယ်” ဟု ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ကျားဖြူပါတီ (SNDP) သည် ရှမ်းပြည်နယ် အတွင်းတွင် ရှမ်းပြည် နိုင်ငံရေး ပါတီများ အဖွဲ့ချုပ်-LSSEP တွင် တိုင်းရင်းသား ပါတီ ၁၁ ပါတီနှင့် မဟာမိတ်ဖွဲ့စည်းထားပြီး အကယ်၍ လွှတ်တော်နေရာ ၃၀ ကျော် အနိုင်ရ ပါက မဟာမိတ် အဖွဲ့များနှင့် ပူးပေါင်း ကာ ရှမ်းအစိုးရ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
.
ရှမ်းပြည်မှာ ၃၀ နီးပါး၊ ကချင် မှာ ၅ နေရာနဲ့ မန္တလေးမှာ ရှမ်းတိုင်း ရင်းသားရေးရာ ဝန်ကြီးနေရာတွေ ဝင်ဖို့ ရှိမယ်။ ကိုယ်စားလှယ်ဦးရေ ၁၂၀ က ၁၃၀ ကြားရှိမယ်။ တိုင်းရင်း သားတွေနေရာမှာ တိုင်းရင်းသားအ ကျိုးစီးပွားကို ကိုယ်တိုင်ပဲဖော်ဆောင် ပေးနိုင်မှာ ဖြစ်တယ်”ဟု SNDP တွဲ ဘက် အတွင်းရေးမှူး (၁) ဦးစိုင်း အောင်မြင့်ခိုင်ကလည်း ပြောသည်။
.
ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်များ မှအပ အမျိုးသား လွှတ်တော် ၇ နေရာနှင့် မြို့နယ် ၂၉ မြို့နယ်တို့ တွင် အိမ်ပြည့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် ၅ မြို့နယ် ဝင် ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိ ရသည်။
.
ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝန်ကြီးနေရာ ၆ နေရာ ရရှိခဲ့ရာ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီး ၂ နေရာ၊ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန် ကြီး ၁ နေရာ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ၁ နေရာနှင့် ပြည် ထောင်စု ဒုဝန်ကြီး ၁ နေရာတို့ ရရှိခဲ့ သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ တွင်မူ မိုင်းပန်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ၁ နေရာ သာ ရ ရှိခဲ့သည့် ရှမ်းတိုင်းရင်းသားပါတီတစ် ခုဖြစ်သည်။
.

Journal Download

Photo of three cats