မင်းဇော်မင်း
.
RCSS/ SSA အဖွဲ့၏ လူသစ် စုဆောင်းခံရပြီး လွယ်တိုင်းလျှံတွင် တပ်သားသစ်
သင်တန်း တက်ရောက်နေရသူများ အနက်မှ သင်တန်းသား ၂၀ ဦးခန့်သည် အဖွဲ့လိုက် ခွဲ၍ ထွက်ပြေးလာခဲ့စဉ်
ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တပ်ဖာလိုင်ဒေသတွင် UWSA အဖွဲ့က ယာယီ ထိန်းသိမ်းထားရှိပြီးနောက် ဇူလိုင် ၂၃ ရက် ညပိုင်းတွင် တာချီလိတ်မြို့ရှိ နယ်မြေခံတပ်သို့
လာရောက် အပ်နှံခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။
.
ယင်း ထွက်ပြေးလာသူများအား
စိစစ်မေးမြန်းချက်များအရ ၎င်းတို့သည် မိုင်းကိုင်၊ လားရှိုး၊ ကျောက်မဲ၊ ခိုလမ်၊ လဲချား၊
တောင်ကြီး၊ မိုင်းပွန်၊ ပင်လုံနှင့်ကျိုင်းတုံ စသည့် မြို့နယ်များမှ ဖြစ်ပြီး ၂၀၁၉
ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် မူးယစ်ဆေးဝါးအား အကြောင်းပြ၍ အတင်းအဓမ္မ
ဖမ်းဆီးခေါ်ဆောင်ကာ လူသစ် သင်တန်းများ တက်ရောက်စေခဲ့ကြောင်း၊ သင်တန်း တက်ရောက်ချိန်အတွင်း
နေထိုင်စားသောက်မှု ဆင်းရဲခြင်း၊ လက်နက် ကိုင်ဆောင်၍ တိုက်လိုခိုက်လိုစိတ် မရှိခြင်းတို့ကြောင့်
ထွက်ပြေးလာခဲ့စဉ် တပ်ဖာလိုင်ဒေသရှိ UWSA အဖွဲ့ထံသို့ ရောက်ရှိ၍ ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
အဆိုပါ တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍
RCSS/ SSA အဖွဲ့မှ တာဝန်ရှိသူများထံသို့ မေးမြန်းရန်
ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ချေ။
No comments:
Post a Comment